တရုတ်မှ Little Sheep ဟော့ပေါ့ဆိုင်ခွဲ ရန်ကုန်မှာ ဖွင့်တော့မည်

နိုင်ငံတကာမှာ ဆိုင်ခွဲပေါင်း ၃၀၀ ကျော် ဖွင့်လှစ်ထားတဲ့ Little Sheep ဟော့ပေါ့ဆိုင်ခွဲကို ရန်ကုန်မြို့မှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

မွန်ဂိုးလီးယားနိုင်ငံအတွင်းပိုင်းမှာ စတင်တည်ထောင်ခဲ့ပြီး ရှန်ဟိုင်း၊ ဟောင်ကောင်၊ တိုကျို၊ နယူးယော့ခ်၊ တိုရွန်တို၊ မဲလ်ဘုန်းနှင့် အူလန်ဘာတာတို့မှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားတဲ့ Little Sheep ဟော့ပေါ့ကို Yoma Strategic က ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ လက်အောက်ခံကုမ္ပဏီက ယခုနှစ်ကုန်ခါနီးမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ ဟော့ပေါ့ကို အစဉ်နှစ်ခြိုက်စွာ စားသုံးလေ့ရှိပြီး Little Sheep က ထူးခြားကောင်းမွန်တဲ့ အနံ့အရသာနဲ့ စားသုံးသူတွေကို စိတ်လှုပ်ရှားစေမှာဖြစ်ပါတယ်။ ကျွန်တော်တို့၏ ရည်မှန်းချက်က မြန်မာနိုင်ငံရဲ့ အစားအစာနဲ့ အဖျော်ယမကာလုပ်ငန်းကဏ္ဍမှာ ရှေ့တန်းက ဦးဆောင်နိုင်ရန်ဖြစ်ပါတယ်။ Little Sheep မွန်ဂိုးလီးယား ဟော့ပေါ့ကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာနိုင်ခြင်းအတွက် အရမ်း စိတ်လှုပ်ရှားတဲ့အပြင် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခု လှမ်းလိုက်နိုင်လိုက်ခြင်း ဖြစ်ပါတယ်” လို့ Yoma Strategic ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Melvyn Pun က ပြောပါတယ်။

Little Sheep ဟော့ပေါ့၏ ဟင်းရည်ကို goji ဘယ်ရီသီး၊ Jujubes၊ ဖာလာအနက် အသီးတောင့်နဲ့ ဂျင်ဆင်းတို့အပါအဝင် အခြားဟင်းခတ် အမွှေးအကြိုင်ပေါင်း ၃၇ မျိုးတို့နဲ့ ပြုလုပ်ထားပြီး ပါဝင်ပစ္စည်တွေရဲ့ အရည်အသွေးနဲ့ လတ်ဆတ်မှုတို့ကြောင့် လူသိများနာမည်ကြီးတာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအခြေစိုက် Yum China Holdings, Inc. က ပိုင်ဆိုင်တဲ့ Little Sheep ဟာ ကမ္ဘာတစ်ဝှမ်းရှိ ဒေသနှင့် မြို့ပေါင်း ၁၂၀ မှာ ဆိုင်ခွဲပေါင်း ၃၀၀ နီးပါးဖွင့်လှစ်ထားကာ နိုင်ငံတကာမှ အသိအမှတ်ပြုခံရဆုံး ဟော့ပေါ့တံဆိပ်တွေထဲက တစ်ခုဖြစ်ပါတယ်။

စင်ကာပူတွင် မှတ်ပုံတင်ထားတဲ့ Yoma Strategic ဟာ မြန်မာနိုင်ငံမှာ KFC ဆိုင်ခွဲတွေကိုလည်း ဖွင့်လှစ်လုပ်ကိုင်နေသလို နိုင်ငံတကာမှ ယမကာလုပ်ငန်းကြီးဖြစ်တဲ့ Pernod Ricard နဲ့ ပူးပေါင်းလုပ်ကိုင်မယ့် အစီအစဉ်ကို မကြာသေးမီက ကြေညာခဲ့ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.