တပ်မတော်နှင့် ဆက်နွယ်နေသည့် အကောင့်နှင့် စာမျက်နှာများကို Facebook က ထပ်မံဖယ်ရှား

မြန်မာ့တပ်မတော်နှင့် ပုန်းရှိုးကွယ်ရှိုးဆက်နွယ်နေသည့် စာမျက်နှာများနှင့် အကောင့်ရာပေါင်းများစွာကို ဖယ်ရှားလိုက်သည်ဟု Facebook က ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ပြောကြားသည်။ အမုန်းစကားများနှင့် သတင်းမှားများအား ထိန်းချုပ်ရန် ပျက်ကွက်နေသည်ဟု ဝေဖန်မှုများအပေါ် ၎င်းက ထပ်မံ တုန့်ပြန်ခြင်းလည်းဖြစ်သည်။

“အစစ်အမှန်မဟုတ်သည့် အပြုအမူများကို ပူးပေါင်းလုပ်ဆောင်သည်” ဟုဆိုကာ ပြီးခဲ့သည့် အောက်တိုဘာနှင့် သြဂုတ်လများတွင် စာမျက်နှာများနှင့် အကောင့်များကို ပယ်ဖျက်လိုက်ပြီးနောက် Facebook က တတိယအကြိမ် ရှင်းလင်းခြင်းလည်းဖြစ်သည်။ ယခုနှစ်အတွင်း နာမည်ပျက်စာရင်းသွင်းခံရသူများထဲတွင် အမျိုးသားရေးအမာခံဘုန်းတော်ကြီးများအပြင် လူမျိုးတုန်းဆောင်ရွက်မှုများ ကျူးလွန်ခဲ့သည်ဟု ကုလသမဂ္ဂက စွပ်စွဲထားသည့် ထိပ်တန်းဗိုလ်ချုပ်ကြီးများလည်း ပါဝင်သည်။

မြန်မာနိုင်ငံတွင် ထင်ရှားပြီး လွှမ်းမိုးမှုရှိသည့် လူမှုကွန်ယက်ဖြစ်သည့် Facebook အနေဖြင့် ၎င်း၏ ပလက်ဖောင်းပေါ်တါင် ဖျက်လိုဖျက်စီး ရေးသားလွှင့်တင်မှုများနှင့် ပတ်သက်ပြီး ပြန်လည် တုန့်ပြန်ရာတွင် ထိရောက်မှုမရှိဟု စွပ်စွဲခံနေရသည်။ အထူးသဖြင့် ရိုဟင်ဂျာများအပေါ် ရေးသားမှုများနှင့် ပတ်သက်ပြီးဖြစ်သည်။ မြန်မာစစ်တပ်က မောင်းထုတ်လိုက်မှုကြောင့် ရိုဟင်ဂျာ ၇၂၀,၀၀၀ ကျော် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ပြီးခဲ့သည့်နှစ်က ထွက်ပြေးခဲ့ရပြီးနောက် ထိုပြဿနာ၏ ရေချိန်ပြန်လည် မြင့်တက်လာခဲ့သည်။

စာမျက်နှာ (Pages) ၄၂၅ ခု၊ အုပ်စု (Groups) ၁၇ ခုနှင့် အကောင့် ၁၃၅ ခုအပြင် အင်စတာဂရမ် (Instagram) အကောင့် ၁၅ ခုကို ဖယ်ရှားလိုက်သည်ဟု Facebook က ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ကြေညာသည်။ ထိုစာမျက်နှာများ၊ အကောင့်များနှင့် အုပ်စုများသည် လွတ်လပ်သည့်သတင်းများ၊ ဖျော်ဖြေရေး၊ အလှအပနှင့် လူမှုဘဝများ ဖော်ပြနေကြသည်သော်လည်း အမှန်တကယ်တွင်မူ စစ်တပ်၊ သို့မဟုတ် ယခင်က ဖယ်ရှားခံထားရပြီးဖြစ်သည့် စာမျက်နှာ်များနှင့် ဆက်နွယ်နေသည်ဟုဆိုသည်။ ဖယ်ရှားလိုက်သည့် စာမျက်နှာတစ်ခုတွင် followers ၂ ဒသမ ၅ သန်းရှိသည်ဟုလည်း ဆိုသည်။

Facebook အနေဖြင့် ၎င်း၏ ထိခိုက်နေသည့် ဂုဏ်သိက္ခာအား ပြန်လည်အဖတ်ဆယ်ရန်အတွက် ကြိုးစားနေရာ အမုန်းစကားများ ဖယ်ရှားမှုကို အရှိန်မြှင့်တင်လာနေသလို မြန်မာဘာသာဖြင့် ရေးသားမှုများကို စစ်ဆေးမည့် မြန်မာဘာသာ တတ်ကျွမ်းသူဝန်ထမ်းအရေအတွက်ကို ၂၀၁၈ ခုနှစ်အကုန်တွင် ၁၀၀ ဦးအထိ တိုးမြှင့်ရန် ကတိပြုထားသည်။

သို့သော် ဝေဖန်သူများကမူ ဘာသာစကားမျိုးစုံရှိနေသည့် မြန်မာနိုင်ငံမှ Facebook အကောင့် သန်း ၂၀ အား ကွပ်ကဲရန်အတွက် ထိုဆောင်ရွက်မှုများဖြင့် မလုံလောက်ဟု ပြောကြားကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar