Episode 17: တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ် ကိုဗစ်-၁၉သတင်းများ

မြန်မာတစ်နိုင်ငံလုံးက ကိုဗစ်-၁၉နဲ့ပတ်သက်တဲ့ တစ်အပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်း အကျဉ်းချုပ်တွေကို တင်ဆက်ဖို့အချိန် ရောက်လာပါပြီ။

ဒီတစ်ပတ်မှာတော့

  • တစ်ပတ်အတွင်းဖြစ်ပွားခဲ့တဲ့ကိုဗစ်-၁၉ရောဂါအနှစ်ချုပ်။
  • နေအိမ်တွင်သာ နေထိုင်ရေးအမိန့်ကြေညာထားတဲ့ ရန်ကုန်မြို့နေပြည်သူများကို ရာရှင်စနစ်နဲ့အခြေခံစားကုန်များဖြန့်ဖြူးပေးနိုင် ဖို့စီစဉ်။
  • လူမှုဖူလုံရေးကြေး သွင်းထားသူများကို လုပ်ခလစာရဲ့၄၀ရာခိုင်နှုန်းပြန်ပေးမယ်။
  • မုံရွာ ကွာရန်တင်းစင်တာမှ ထွက်ပြေးသွားသူကို ကန်သာယာရေစပ်မှာ ထိုင်နေလျက်နဲ့ပြန်တွေ့။
  • ဖားအံညဈေးကို စက်တင်ဘာလ၂၂ရက်က စပြီးပိတ်ထား။
  • မွန်ပြည်နယ်မှာ ရောဂါလက္ခဏာပြသူနဲ့ အရေးပေါ်ကိုဗစ်လူနာတွေကို မော်လမြိုင်ဆေးရုံကြီးမှာပဲ ဆက်လက်ကုသနေ။
  • ထားဝယ်မှာ မိုးစပါးချေးငွေကို အွန်လိုင်းကနေ စမ်းသပ်ထုတ်ချေးဖို့စီစဉ်။
  • တခြားမြို့တွေကနေ မြစ်ကြီးနားမြို့ကို ဝင်ရောက်လာမယ်ဆိုရင် ရပ်ကွက်ထောက်ခံစာပါမှ ဝင်ခွင့်ပေးမည်။
  • တောင်ကြီးအပါအဝင် မြို့နယ် ၅၅ မြို့နယ်က တစ်မြို့နဲ့တစ်မြို့ သွားမယ်ဆိုရင် ဆိုင်ရာနေရပ် ရပ်ကွက်ထောက်ခံစာ၊ ဆေးထောက်ခံစာတွေပါမှ ဝင်ခွင့်ပြုမည်။
  • ချင်းပြည်နယ်မှာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ ဥပုသ်သီလဆောက်တည်ခြင်း နှင့်ဝတ်ပြုဆုတောင်းခြင်းတွေကို ယာယီရပ်ဆိုင်း။

စတဲ့သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ်သတင်းများကို နားဆင်နိုင်ပါပြီ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar