စုမဲလိမ်လည်မှုနှင့် ပတ်သက်ပြီး တရားရုံး၌ အမှုပေါင်း ၅၀ ကျော်နဲ့ ရဲစခန်း၌ စစ်ဆေးဆဲ ၂၂ မှုရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်တာနက်စာမျက်နှာနဲ့ လူကိုယ်တိုင် စုမဲလိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး တရားရုံး၌ အမှုပေါင်း ၅၀ ကျော်နဲ့ ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲ ၂၂ မှုရှိတယ်လို့ တိုင်းဒေသကြီးအစိုးရက ပြောပါတယ်။

တရားရုံး၌ ရင်ဆိုင်လျက်ရှိသော ရာဇဝတ်မှု အခြေအနေမှာ အမှု ၂၈ မှု၊ တရားခံ ၁၂ ဦး၊ ကျပ်သိန်း ၉,၄၀၀ ကျော်၊ တရားရုံး၌ ရင်ဆိုင်နေရတဲ့ တရားမကြီးမှုမှာ အမှု ၁၃ မှု၊ တရားပြိုင် လေးဦး၊ ကျပ်သိန်း ၂,၃၀၀ ကျော်၊ လူကိုယ်တိုင် စုမဲလိမ်လည်မှုနှင့် ပတ်သက်ပြီး တရားရုံးမှာ ရင်ဆိုင်နေရတဲ့ အမှု ၁၃ မှု၊ တရားခံ ၁၇ ဦး၊ ကျပ် ၆၁၅ သိန်းအပြင် အင်တာနက်မှ စုမဲလိမ်လည်မှုများနှင့် ပတ်သက်၍ ရဲစခန်းစစ်ဆေးဆဲ အမှု ၂၂ မှု၊ တရားခံ ၂၄ ဦးနဲ့ ကျပ်သိန်း ၆,၀၀၀ ခန့်ဖြစ်တယ်လို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက စက်တင်ဘာ ၂၆ ရက်နေ့က တိုင်းဒေသကြီးလွှတ်တော်မှာ ပြောကြားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ပြည်သူအချို့အနေဖြင့် ဆုမဲတွေကို လူကိုယ်တိုင်နှင့် အင်တာနက် စာမျက်နှာတွေကတစ်ဆင့် ကျယ်ပြန့်စွာဆောင်ရွက်နေခြင်းသည် ၎င်းတို့၏ အကျိုးစီးပွားကိစ္စအတွက် ၎င်းတို့အစီအစဉ်ဖြင့် အချင်းချင်း သဘောတူညီချက်ဖြင့် ကွန်ယက်သဖွယ် စုစည်း ဆောင်ရွက်နေခြင်းဖြစ်ကာ တည်ဆဲဥပဒေအရ ဆောင်ရွက်ခွင့်မရှိဘဲ တရားမဝင် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။

“တရားဝင် ဆောင်ရွက်ခွင့်ရှိ/မရှိနှင့်ပတ်သက်၍ တားမြစ်ပြဋ္ဌာန်းချက်မရှိသော်လည်း လူကိုယ်တိုင်နှင့် အင်တာနက် စာမျက်နှာများပေါ်တွင် ငွေကြေးလိမ်လည် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ တိုင်ကြားမှုများရှိပါက ဆက်သွယ်ရေးဥပဒေဖြင့်လည်းကောင်း၊ ရာဇသတ်ကြီး ဥပဒေဖြင့်လည်းကောင်း အရေးယူနိုင်မှာဖြစ်ပါတယ်” လို့လည်း သူက ပြောပါတယ်။

စုမဲတွေနဲ့ ပတ်သက်ပြီး စပ်လျဉ်း၍ မှုခင်းတွေ မဖြစ်ပွားစေဖို့အတွက် ပြည်သူတွေက သတိပြု ဆင်ခြင်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပြီး မှုခင်းတွေ ဖြစ်လာပါကလည်း ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သူက ပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar