စီစီတီဗီမီးပွိုင့်ထိန်းချုပ်စနစ်ကို ယခုလ ၁၅ ရက်နေ့က စတင်အသုံးပြုနေ

ရန်ကုန်၊

ရန်ကုန်မြို့၏ လမ်းဆုံလမ်းခွများတွင် အသစ်တပ်ဆင်ထားသည့် မီးပွိုင့်နှင့် စီစီတီဗီများအား ယခုလ ၁၅ ရက်နေ့မှစတင်ကာ အသုံးပြုနေပြီဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ဒီနေ့ပဲ ယာဉ်ကြောစောင့်ကြည့်ရေးကို စတင်လည်ပတ်နေပြီဖြစ်ပါတယ်” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မေ ၁၅ ရက်နေ့က ပြောကြားသည်။

ပြည်သူ့ဥယျာဉ်အတွင်း တည်ဆောက်ထားသည့် Traffic Control Centre တွင် စီစီတီဗီများမှာ ပုံရိပ်များကို ရဲတပ်ဖွဲ့ဝင် ခြောက်ဦး၊ ယာဉ်ထိန်းရဲ ၁၂ ဦးနှင့် ကုမ္ပဏီမှဝန်ထမ်းများက စောင့်ကြည့်နေပြီဖြစ်သည်ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုအား ဖြေရှင်းနိုင်ရန်အတွက် ဗဟိုထိန်းချုပ်စနစ်တပ်ဆင်ထားသော စီစီတီဗီပါရှိသည့် မီးပွိုင့်အသစ်များအား ၂၀၁၄ ခုနှစ်ကတည်းက စတင်တပ်ဆင်နေခြင်းဖြစ်သည်။

စီစီတီဗီများအား ထိန်းချုပ် စောင့်ကြည့်မည့် Traffic Control Centre ပြီးစီးနေပြီဖြစ်ကာ လက်ရှိအချိန်တွင် မီးပွိုင့် ၁၄၀ ၌ စီစီတီဗီများ တပ်ဆင်ပြီးဖြစ်သည်။ စုစုပေါင်းမီးပွိုင့် ၁၅၄ ခုတွင် တပ်ဆင်ရန် စီစဉ်ထားခြင်းဖြစ်သောကြောင့် တပ်ဆင်ရန် ၁၄ နေရာသာ ကျန်ရှိတော့သည်။

စီစီတီဗီတစ်လုံးစီအတွက် ပုံရိပ်များကို နာရီပေါင်း ၅၀,၀၀၀ ကျော် သိမ်းဆည်းထားနိုင်သည်ဟုလည်း သိရသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar