စိတ်ကြွဆေးပြားရှစ်သိန်းနှင့် လူလေးဦးကို နတ်မြစ်အတွင်း ဘင်္ဂလားဒေရှ့် ဖမ်းမိ

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို စိတ်ကြွဆေးပြားရှစ်သိန်း ခိုးသွင်းဖို့ကြိုးစားကြတဲ့ ရိုဟင်ဂျာအမျိုးသားသုံးဦးနဲ့ ဘင်္ဂလားဒေရှ့်တစ်ဦးကို စက်တင်ဘာ ၂၆ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေရှ့် တာဝန်ရှိသူတွေက ပြောပါတယ်။

မငြိမ်မသက်ဖြစ်နေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်ကနေ ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ထွက်ပြေးဝင်ရောက်နေမှုကို ဘင်္ဂလားဒေရှ့်နိုင်ငံက ရုန်းကန်ဖြေရှင်းနေရတဲ့အချိန်မှာပဲ ဒီလို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံပိုင်းခြားထားတဲ့ နတ်မြစ်ဝက ငါးဖမ်းလှေပေါ်မှာ ဒီအမျိုးသားလေးဦးကို ဘင်္ဂလားဒေရှ့်က တာဝန်ရှိသူတွေက ဖမ်းမိခဲ့တာဖြစ်ပါတယ်။

“ရာဘဆေးပြားတွေ မှောင်ခိုသယ်လာတဲ့ လူလေးဦးကို ကျွန်တော်တို့ ဖမ်းမိခဲ့ပါတယ်။ သုံးဦးက မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဖြစ်ပြီး တစ်ဦးက ဘင်္ဂလားဒေရှ့်နိုင်ငံသားဖြစ်ပါတယ်” လို့ Rapid Action Battalion (RAB) တပ်ဖွဲ့ရဲ့ ဒေသဆိုင်ရာတပ်မှူးဖြစ်သူ ဗိုလ်မှူး Rahul Amin က အေအက်ဖ်ပီကို ပြောပါတယ်။

“သူတို့ လှေပေါ်မှာ ရာဘဆေးပြား ရှစ်သိန်း သယ်လာတယ်။ မြန်မာနိုင်ငံကနေ ရာဘဆေးပြားတွေကို သယ်လာကြတာ။ ရိုဟင်ဂျာနှစ်ဦးက ဒီကို မကြာခင်ကမှ ရောက်လာကြတဲ့သူတွေဖြစ်ပြီး တစ်ဦးကတော့ ဒုက္ခသည်ဟောင်းဖြစ်တယ်” လို့ သူက ပြောပါတယ်။

ထိုင်းဘာသာစကားနဲ့ ရူးသွပ်ဆေးလို့ခေါ်ကြတဲ့ ရာဘဆေးပြားတွေဟာ ဘင်္ဂလားဒေရှ့်နိုင်ငံက လူငယ်တွေကြားမှာ ရေပန်းစားလှပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း နယ်စပ်ဒေသရှိ ကော့ဘဇာကို ကုန်းလမ်းနဲ့ ရေလမ်းတွေကနေ ခိုးသွင်းဖို့ ကြိုးစားခဲ့ကြတဲ့ ရာဘဆေးပြားအရေအတွက် သန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း ရိုဟင်ဂျာအမျိုးသားတစ်ဦးကို ရာဘဆေးပြား ၄၃၀,၀၀၀ နဲ့အတူ နတ်မြစ်ထဲမှာ ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တွေက ဖမ်းမိခဲ့ပါသေးတယ်။

မြန်မာနိုင်ငံကနေ မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းမှုကို တားမြစ်နိုင်ဖို့အတွက် ဘင်္ဂလားဒေရှ့်အနေနဲ့ ရုန်းကန်နေရတယ်လို့ ဘင်္ဂလားဒေရှ့်မူးယစ်ဆေးတိုက်ဖျက်ရေးအရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြိးခဲ့တဲ့နှစ်က ပြောကြားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်နိုင်ငံနယ်စပ်က ကျယ်ပြန့်တဲ့ နတ်မြစ်ထဲမှာ ကင်းလှည့်ဖို့ အခက်အခဲရှိလို့ ဖြစ်ပါတယ်။

ရာဘဆေးပြားတွေကို နှစ်နိုင်ငံနယ်စပ်ဧရိယာတစ်ယောက် မြန်မာနိုင်ငံဘက်မှာ အိမ်သာခန်းလောက်ပဲရှိတဲ့ ဓာတ်ခွဲခန်းတွေကနေ ထုတ်လုပ်နေတာဖြစ်တယ်လို့ သူက ဆက်လက်ပြောပါတယ်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar