စားသောက်ဆိုင်ပိုင် ငွေများကို အိတ်ထဲထည့်ခဲ့သူ မြန်မာတစ်ဦး စင်ကာပူ၌ ထောင်ကျ

သူအလုပ်လုပ်တဲ့ စားသောက်ဆိုင် ရောင်းရငွေတွေထဲက အနည်းဆုံး စင်ကာပူဒေါ်လာ ၁၀,၀၀၀ ကို အလွဲသုံးစားပြုခဲ့တဲ့ စားသောက်ဆိုင်ကြီးကြပ်သူ မြန်မာတစ်ဦးကို စင်ကာပူတရားရုံးက ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထောင်ဒဏ်လေးလ ချမှတ်ခဲ့ပါတယ်။

ကိုသူရမြင့်လို့ခေါ်တဲ့ အဲဒီမြန်မာနိုင်ငံသားဟာ စင်ကာပူလေဆိပ် တာမင်နယ် ၁ မှာရှိတဲ့ Ma Mum To Go စားသောက်ဆိုင်မှာ ကြီးကြပ်သူတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့တယ်လို့ စင်ကာပူ CNA သတင်းဌာနက ရေးသားထားပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကနေ ၁၂ ရက်နေ့အတွင်းမှာ ရရှိတဲ့ ရောင်းရငွေ ဒေါ်လာ ၁၀,၅၈၈ ဒသမ ၄၄ ကို ယူခဲ့တယ်လို့ တရားရုံးက ကြားနာခဲ့ပါတယ်။

အဲဒီငွေတွေကို ကုမ္ပဏီရဲ့ ဘဏ်စာရင်းထဲ ထည့်ရမယ့်အစား သူက သူ့အိတ်ထဲ ထည့်ခဲ့တာလို့ သတင်းမှာ ရေးသားထားပါတယ်။

ဘဏ်စာရင်းထဲ ငွေတွေမရောက်တာကို ဆိုင်ခွဲမန်နေဂျာဖြစ်သူက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ သိရှိသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကိုသူရမြင့်က ငွေတွေကို သူ ယူထားတယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။ အဲဒီငွေတွေနဲ့ အကြွေးဆပ်ခဲ့တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

သူ့လစာထဲက ဒေါ်လာ ၃၀၃၁ ဒသမ ၄၁ ကို နှုတ်ပြီး တစ်စိတ်တစ်ပိုင်း ပြန်ဆပ်ငွေအဖြစ်နဲ့ ကုမ္ပဏီကို ပြန်ပေးခဲ့ပေမယ့် စားသောက်ဆိုင်အနေနဲ့ ဒေါ်လာ ၇,၅၀၀ ဆုံးရှုံးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

သူဟာ ဝန်ထမ်းတစ်ဦးအနေနဲ့ ယုံကြည်မှုကို ဖောက်ဖျက်တဲ့ပြစ်မှု ကျူးလွန်ခဲ့တယ်လို့ တရားရံုံးက တွေ့ရှိခဲ့ပါတယ်။ အဲဒီပြစ်မှုဟာ ထောင်ဒဏ် ၁၅ နှစ်နဲ့ ငွေဒဏ်ပါ ချမှတ်နိုင်ပါတယ်။

ဒါပေမယ့် သူ့မှာ ယခင်ပြစ်မှုကျူးလွန်ဖူးခြင်းမရှိတာကြောင့် ထောင်ဒဏ် ၄ လကနေ ၅ လအတွင်းသာ ချမှတ်ဖို့ အစိုးရရှေ့နေတွေက တရားရုံးကို တောင်းဆိုခဲ့ပါတယ်။

သူ့ရဲ့ ပြစ်မှုအတွက် စကားပြန်ကတစ်ဆင့် ကိုသူရမြင့်က ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီး နောက်တစ်ကြိမ် ထပ်မံမကျူးလွန်တော့ဘူးလို့ တရားသူကြီးကို ကတိပေးခဲ့တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့လကတည်း ဖောက်သည်တွေထံ ခြိမ်းခြောက်စာရေးသားပေးပို့ပြီး ဒစ်ဂျစ်တယ်ငွေကြေးဖြစ်တဲ့ ခရစ်တိုငွေကြေး တောင်းခံခဲ့တဲ့ မြန်မာနိုင်ငံသား အာမခံကိုယ်စားလှယ်တစ်ဦးကို စင်ကာပူတရားရုံးက ထောင်ဒဏ် ၂ နှစ်နဲ့ ၅ လ ချမှတ်ခဲ့ပါတယ်။

သူက ဟယ်ရီပေါ်တာဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Lord Voldemort ရဲ့အမည်ကို အသုံးပြုပြီး အဲဒီလို ခြိမ်းခြောက်တောင်းခံခဲ့တာလည်း ဖြစ်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar