စင်ကာပူက သုသာန်ထဲမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ၆ ဦး ဖမ်းဆီးခံရ

စင်ကာပူနိုင်ငံက Chao Chu Kang သုသာန်ထဲမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ဖမ်းဆီးခံခဲ့တယ်လို့ စင်ကာပူ CNA သတင်းဌာနက ပြောပါတယ်။

အသက် ၂၂ နှစ်ကနေ ၄၂ နှစ်အတွင်းရှိကြတဲ့ အမျိုးသား ၆ ဦးကို စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဂိတ် အာဏာပိုင်အဖွဲ့ (ICA) က စစ်ဆင်ရေးပြုလုပ်စဉ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ စင်ကာပူမှာ ရက်ကျော်နေထိုင်မှုအပါအဝင် လူဝင်မှုကြီးကြပ်ရေးပြစ်မှုတွေနဲ့ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အရာရှိတွေကို တွေ့ချိန်မှာ တစ်ယောက်က ထွက်ပြေးဖို့ ကြိုးစားခဲ့သေးပေမယ့် သူ့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီနောက် အရာရှိတွေကို သုသာန်ထဲက သူနေထိုင်တဲ့ ယာယီနေရာကို ခေါ်သွားခဲ့ပြီး အဲဒီနေရာမှာ နောက်ထပ်ငါးဦးကို ထပ်မံတွေ့ရှိတာဖြစ်ပါတယ်။

ဓာတ်ပုံ-ICA

ဓာတ်ပုံ-ICA

သူတို့ဟာ သုသာန်မှာ မြေကျင်းတူးသူတွေအဖြစ် လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ပြောကြားကြောင်း ICA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ-ICA

ဓာတ်ပုံ-ICA

စင်ကာပူမှာ ရက်ကျော်နေထိုင်တာ၊ ဒါမှမဟုတ် တရားမဝင် ဝင်ရောက်သူတွေကို ထောင်ဒဏ် ၆ လအထိနဲ့ အနည်းဆုံးကြိမ်ဒဏ် ၃ ချက် ချမှတ်နိုင်ပါတယ်။ တရားမဝင်ထွက်ခွာမှုတွေအတွက်ကိုတော့ စင်ကာပူဒေါ်လာ ၂,၀၀၀ အထိဒဏ်ငွေ၊ ထောင်ဒဏ် ၆ လ၊ ဒါမှမဟုတ် နှစ်မျိုးလုံးချမှတ်နိုင်တယ်လို့ ICA က ပြောပါတယ်။

ဖမ်းဆီးထားသူတွေကို စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လု့ိလည်း ICA က ပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar