ကွန်ဒိုစီမံကိန်းများကို လုပ်ငန်းရှင်များက ပြန်လည် သုံးသပ်လာနိုင်

ရန်ကုန်မြို့လယ်က ဟိုတယ်နှင့် ရုံးခန်းတည်ဆောက်ရေး လုပ်ငန်းတစ်ခု။ ဓာတ်ပုံ- အန်းဝမ်

ရန်ကုန်မြို့လယ်က ဟိုတယ်နှင့် ရုံးခန်းတည်ဆောက်ရေး လုပ်ငန်းတစ်ခု။ ဓာတ်ပုံ- အန်းဝမ်

ရန်ကုန်

ကွန်ဒိုတိုက်ခန်း ဆောက်လုပ်သူများအနေနဲ့ ယခုနှစ်အတွင်းမှာ ၎င်းတို့ရဲ့ မဟာဗျူဟာများကို ပြန်လည် စဉ်းစားလာလိမ့်မည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်ကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းကလည်း စက်မှုလုပ်ငန်းများနဲ့ သက်ဆိုင်တဲ့ မြေယာများရဲ့ ဈေးကွက်ကို မြှင့်တင်ပေးရာရောက်တယ်လို့ Colliers International Myanmar က ခန့်မှန်းပြောကြားထားပါတယ်။

၂၀၁၆ ခုနှစ်အတွက် ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက် ခန့်မှန်းချက် ၁၀ ချက်ထဲမှာ ရန်ကင်းမြို့နယ်ကို စီးပွားရေးအချက်အချာနေရာနှင့် အိမ်ယာတွေအတွက် စိတ်ဝင်စားဖွယ် နေရာဖြစ်လာမယ်လို့ ခန့်မှန်းထားမှုလည်း ပါဝင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကွန်ဒိုမီနီယံ ဈေးကွက် သိပ်မကောင်းခဲ့ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ ဒီဇိုင်းများကို စီးပွားရေးအရ တွက်ခြေကိုက်အောင် ရုံးခန်းတွေနဲ့ ဝန်ဆောင်မှုပါဝင်တဲ့ အိမ်ခန်းတွေ ထည့်သွင်းတာမျိုးတွေ ပြုလုပ်ပြီး ပြန်လည် ပြင်ဆင်လိမ့်မယ်လို့ Colliers ကဆိုပါတယ်။

ထို့နောက် သီလဝါ အထူးစီးပွားရေးဇုန်ကို အောင်မြင်စွာဖွင့်လှစ်နိုင်ခြင်းကြောင့် စက်မှုလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဈေးကွက်မြင့်တက်လာပြီး ရင်းနှီးမြုပ်နှံသူများလည်း စီးပွားရေးလုပ်ကိုင်ဖို့ ပိုမိုစိတ်ဝင်စားလာကြမယ်လို့ ခန့်မှန်းထားပါတယ်။

“ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေက သူတို့စက်ရုံအတွက် နေရာရှာဖွေရာမှာ ပိုမို စိစစ်ပြီး ခေါင်းမာလာကြနိုင်ပေမယ့် အများစုကတော့ ပူပူနွေးနွေးဈေးကွက်မှာပဲ ဆက်လက်ရောင့်ရဲကြပါလိမ့်မယ်”လို့ Colliers ကဆိုပါတယ်။

ရန်ကင်းမြို့နယ်ဟာ စီးပွားရေးအချက်အချာ ဖြစ်လာစေဖို့ HAGL မြန်မာစင်တာက အားပေးနေသလို မြို့နယ်အတွင်းက အခြားအိမ်ယာ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများကလည်း စီးပွားရေးအချက်အခြာကျတဲ့မြို့နယ် ဖြစ်လာစေဖို့ လမ်းပြပေးနေပါတယ်လို့ ဆိုပါတယ်။

“မြို့လယ်ကတော့ စီးပွားရေးအတွက် အဓိကအချက်အခြာကျတဲ့ နေရာတစ်ခုအဖြစ် အချိန်ကြာကြာ ဆက်လက်ရှိနေဦးမှာပါပဲ”လို့ ၎င်းတို့က ပြောကြားထားပါတယ်။

ဒါ့အပြင် သီးသန့်အိမ်ယာများအပေါ် လူစိတ်ဝင်စားမှုများပြားလာခြင်းကလည်း “မြို့ပြင်ရှိနေရာများလို ပိုမိုကျယ်ဝန်းပြီး နေရာအများအပြားရှိသော အိမ်ယာများကို ဝယ်လိုအားများလာစေတယ်”လို့ ဆိုပါတယ်။

ထို့ပြင် အားလပ်ရက် အပန်းဖြေအိမ်များအတွင်း ရင်းနှီးမြုပ်နှံခြင်းလည်း ဖြစ်လာနိုင်တယ်လို့ Colliers ကဆိုပါတယ်။

“ငပလီ၊ ငွေဆောင်တို့လို အပန်းဖြေနေရာတွေက ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းသစ်တွေ ဖွင့်လှစ်လာလိမ့်မယ်။ ဝယ်ယူသူတွေအနေနဲ့ ရန်ကုန်မြို့က အိမ်တွေထက် အားလပ်ရက်မှာ အနားယူနိုင်မယ့် အိမ်တွေကို အသေအချာစဉ်းစားလာကြလိမ့်မယ်”လို့ Colliers က ခန့်မှန်းပါတယ်။

ထို့ပြင် ဝန်ဆောင်မှုပြည့်ဝတဲ့ တိုက်ခန်းများ ဝယ်လိုအားမြင့်တက်လာလိမ့်မယ်လို့ Colliers က ခန့်မှန်းပါတယ်။ “ဝန်ဆောင်မှုပြည့်ဝတဲ့ အိမ်တွေကို ဝယ်ယူဖို့ စောင့်ဆိုင်းသူတွေများပြားလာလိမ့်မယ်”လို့ ဆိုပါတယ်။

ယခုနှစ်အတွင်း ရုံးခန်းနေရာသစ်များ၊ အဆင့်မြင့်ရုံးခန်းများ ဝယ်ယူလိုသူများ များပြားလာနိုင်သော်လည်း ငှားရမ်းမှုစရိတ်က စဉ်းစားစရာအချက်ဖြစ်နေသေးတယ်လို့ Colliers က ခန့်မှန်းပြောကြားခဲ့ပါတယ်။

သတင်း- Frontier 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.