ကျောက်ဖြူစီမံကိန်းမှ လျှပ်စစ်ဓါတ်အားဝယ်ယူရေး သဘောတူညီချက် မကြာမီရရှိနိုင်

သောမတ်စ်ကင်းန်နှင့် ကျော်ရဲလင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူတွင် ၁၃၅ မဂ္ဂါဝပ် ထွက်ရှိမည့် လျှပ်စစ်ဓါတ်အားစီမံကိန်းမှ ဓာတ်အားဝယ်ယူရေး သဘောတူညီချက်ကို ယခုသီတင်းပတ်အတွင်း နောက်ဆုံးအတည်ပြုချက် ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြောင်း အဆိုပါ စီမံကိန်းဆောင်ရွက်နေသည့် လုပ်ငန်းစု၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံမှ Supreme Group နှင့် တရုတ်နိုင်ငံပိုင်ကုမ္ပဏီဖြစ်သည့် Sinohydro တို့က အမေရိကန်ဒေါ်လာ သန်း ၁၈ဝ တန် အဆိုပါစီမံကိန်းကို ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုစီမံကိန်းသည် ရွှေသဘာဝဓါတ်ငွေ့သိုက်မှ ဓါတ်ငွေ့ကို အသုံးပြု၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်ကာ ရခိုင်ပြည်နယ်၌ ဖြန့်ဖြူးပေးမည်ဖြစ်သည်။

ဓါတ်အားဝယ်ယူရေးဆိုင်ရာ သဘောတူညီချက် ညိနှိုင်းမှုများ အပြီးသတ်ရေးအတွက် လက်ခံသိရှိကြောင်းစာအား ဧပြီ ၂၈ ရက်နေ့က ဘေကျင်းတွင် ကျင်းပခဲ့သည့် One Belt One Road (ခါးပတ်ရပ်ဝန်းနှင့် လမ်းမတစ်ခု)ဖိုရမ်၏ ခေတ္တရပ်နားချိန်များအတွင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်နှင့် ကုမ္ပဏီများက လက်မှတ်ရေးထိုးခဲ့ကြသည်။

သို့သော်လည်း သဘောတူညီချက်မှာ အစိုးရ၏ နောက်ဆုံးအတည်ပြုချက် လိုအပ်နေသေးကြောင်း Supreme Group ၏ ဒု-အမှုဆောင်အရာရှိချုပ် ဦးထူးထူးအောင်က ပြောသည်။ “ညိနှိုင်းထားတဲ့ ဓါတ်အားဝယ်ယူရေးသဘောတူညီချက်က မြန်မာအစိုးရရဲ့ နောက်ဆုံးအတည်ပြုချက် လုပ်ငန်းစဉ်ထဲကို ရောက်နေပါပြီ။ အတည်ပြုချက်က လုပ်ငန်းစဉ်ထဲမှာရှိနေပြီး လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း ဖြစ်လာဖွယ်ရှိပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ဓါတ်အားဝယ်ယူရေးသဘောတူညီချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအတွက် အရေးကြီးသည့် သမိုင်းမှတ်တိုင် ဖြစ်လာမည်ဖြစ်သည်။ ဓါတ်အားဖြန့်ဖြူးရေးမှာ အစိုးရအတွက် ထိပ်တန်းဦးစားပေးဖြစ်နေသော်လည်း ရေရှည်ရင်းနှီးမြုပ်နှံသူဖြစ်လာဖွယ်ရှိသူများနှင့် ဓါတ်အားဝယ်ယူရေးသဘောတူညီချက် စည်းကမ်းသတ်မှတ်ချက်များအား သဘောတူညီမှုရရှိရန် ရုန်းကန်ရဆဲဖြစ်သည်။

ရလဒ်အနေဖြင့် မြန်မာနိုင်ငံတွင် လာမည့်နှစ်များအတွင်း ဓါတ်အားထုတ်လုပ်မှုအပိုင်း၌ လိုအပ်ချက်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဓါတ်အားလိုအပ်ချက် အမြင့်ဆုံးရောက်ရှိပြီး ရေအားလျှပ်စစ်အတွက် ဆည်များမှ ထုတ်လုပ်နိုင်စွမ်း လျော့ကျချိန် နွေရာသီတွင် ဓါတ်အားပြတ်လပ်မှုများ သိသာစွာဖြစ်ပေါ်လာမည်ဟု မျှော်လင့်ထားသည်။ ထို့ကြောင့် အရေးပေါ်ဓါတ်အားပေးနိုင်ရေးစီမံရန် တင်ဒါတစ်ခု ခေါ်ယူမည့် အစီအစဉ်များကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မကြာသေးမီက ကြေညာခဲ့သည်။

အဓိကအခက်အခဲတစ်ခုမှာ ထုတ်လုပ်သည့်ဓါတ်အားအတွက် ငွေပေးချေမှုကို ကျပ်ငွေဖြင့်သာပေးချေရန် အစိုးရက မရမက တောင်းဆိုနေခြင်းဖြစ်ရာ ရင်းနှီးြ့မုပ်နှံသူအများစုအတွက် ဆွဲဆောင်မှုမရှိလှပေ။ အကြောင်းမှာ ၎င်းတို့၏ ကုန်ကျမှုမှာ အမေရိကန်ဒေါ်လာဖြင့် ကုန်ကျထားခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် အကောင်အထည်ဖော် ဆောင်ရွက်သူများကို အစိုးရက တတိယအဖွဲ့အစည်းအဖြစ် အာမခံချက်များ ထုတ်မပေးလိုပေ။ ယင်းအာမခံချက်များက ရင်းနှီးမြုပ်နှံသူများအတွက် ငွေကြေးပံ့ပိုးမှုများကို ဆွဲဆောင်ရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။

သို့သော်လည်း ကျောက်ဖြူစီမံကိန်းမှ ဓါတ်အားဝယ်ယူရေးသဘောတူညီချက် အတည်ပြုရေးမှာ ထိုကိစ္စများ အောင်မြင်မှုကို ကိုယ်စားမပြုပေ။ ပူးပေါင်းလုပ်ငန်းစုက စီမံကိန်းအတွက် အစိုးရထံမှ အာမခံချက်တစ်ခုရရှိရေးကို မကြိုးစားခဲ့ဘဲ ဓာတ်အားခကောက်ခံမှုတွင် ဒေါ်လာကို အခြေခံသည့်တိုင် ကျပ်ငွေဖြင့်လက်ခံရန် သဘောတူထားကြောင်း ဦးထူးထူးအောင်က ပြောသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ငန်းစုထံသို့ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ပေးပို့ခဲ့သော ဆက်လက်ဆောင်ရွက်ရန် အကြောင်းကြားစာအရ ၂ဝ၂ဝ ပြည့်နှစ် မေလတွင် အပြီးသတ်ရန် စီစဉ်ထားသည်။

ကျောက်ဖြူစီမံကိန်းသည် မြန်မာ-တရုတ် စီးပွားရေးစြင်္က ံအတွက် အရေးကြီးသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း ခါးပတ်ရပ်ဝန်းနှင့် လမ်းမကြီးအစီအစဉ်တွင် မြန်မာ ပါဝင်သည့်အပိုင်းကဏ္ဍကို ရည်ညွှန်း၍ မြန်မာနိုင်ငံပိုင်မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

ကုမ္ပဏီအနေဖြင့် တရုတ်-မြန်မာစီးပွားရေးစြင်္က ံညိနှိုင်းမှုများတွင် မပါဝင်သော်လည်း စီမံကိန်းက ပါဝင်နေမှုမှာ အထောက်အကူရရှိကြောင်း ဦးထူးထူးအောင်က ပြောသည်။ “စီးပွားရေးစြင်္ကံရဲ့အစိတ်အပိုင်းဖြစ်နေတာက နှစ်နိုင်ငံစလုံးရဲ့ ထောက်ပံ့မှုကနေ စီမံကိန်းကို အကျိုးကျေးဇူးရှိစေပါတယ်။ အမျိုးသားမဟာဗျူဟာအဆင့်မှာ စီမံကိန်းရဲ့ အရေးပါမှုကို နှစ်ဖက်လုံးက အသိအမှတ်ပြုတာကြောင့် ဘဏ္ဍာရေးထောက်ပံ့မှုလည်း ပိုပြီးရရှိပါတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Zhefu Holdings နှင့် Supreme Group တို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီး မီးလင်းချိုင်ရှိ သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓါတ်အားစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် အကြောင်းကြားစာကို ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလက ရရှိထားသည်။ ထိုစီမံကိန်းက လျှပ်စစ်ဓာတ်အား ၁,၃၉ဝ မဂ္ဂါဝပ် ထုတ်နိုင်မည်ဖြစ်သည်။

ဒေါ်လာ ၂ ဒသမ ၅ ဘီလျံတန်ဘိုးရှိ မီးလင်းချိုင်စီမံကိန်းက များစွာ ပို၍ရှုပ်ထွေးသော ဓါတ်အားဝယ်ယူရေး သဘောတူညီချက်ပုံစံ ရှိသောကြောင့် ကျောက်ဖြူစီမံကိန်းအတွက် ညိနှိုင်းမှုများကို ဦးစွာအပြီးသတ်ခဲ့ခြင်းဖြစ်သည်။ အဓိကစိန်ခေါ်မှုတစ်ရပ်မှာ ဓါတ်အားဝယ်ယူရေးသဘောတူညီချက်တွင် သဘာဝဓါတ်ငွေ့ရည်ကို ပြည်ပမှတင်သွင်းမှု ကုန်ကျစရိတ်အား ရင်းနှီးမြုပ်နှံသူများက ထည့်သွင်းဖော်ပြရန် လိုအပ်နေခြင်းဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.