ကျောက်စိမ်းတုံးကြီးက ရွှေ့ပြောင်းရန် ကြီးမားလွန်းနေ

မကြာသေးမီက ရှာဖွေတွေ့ရှိသော အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိပြီး ၁၇၄ တန်လေးသည့် ကျောက်စိမ်းတုံးကြီးအား တွေ့ရှိခဲ့သည့် ပိုင်ရှင်ထံတွင် သယ်ယူနိုင်သည့် ကိရိယာများ မရှိသည့်အတွက် ကျောက်စိမ်းတုံးကြီးမှာ အဆိုပါ နေရာတွင်ပင် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။

၁၉ ပေရှည်သည့် ကျောက်တုံးကြီးအား ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကျောက်စိမ်းတုံးကြီးမှာ တောင်တစ်လုံး၏ ပေ ၆၀ အနက်တွင် နစ်မြုပ်နေခြင်း ဖြစ်သည်။

“ကျောက်တုံးရဲ့ အစွန်းတစ်ဖက်က ပဲ့သွားတဲ့အခါကျတော့ အတွင်းက ကျောက်စိမ်းတုံးရဲ့ အရည်အသွေးကို ကျွန်တော်တို့ တွေ့ခဲ့ပါတယ်။ အရည်အသွေးက တော်တော်ကောင်းပါတယ်” ဟု ဒေသခံ လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောသည်။

ကျောက်တုံးကြီးမှာ အမေရိကန်ဒေါ်လာ သန်း ၁၇၀ တန်ကြေးရှိမည်ဟု အချို့က ခန့်မှန်းကြသော်လည်း ဦးတင့်စိုးကမူ ဒေါ်လာ ၅ ဒသမ ၄ သန်းခန့်ရှိ တန်ဖိုးရှိနိုင်သည်ဟု ပြောကြားသည်။

ကျောက်စိမ်းအား ထုံးတမ်းစဉ်လာအားဖြင့် လက်ဝတ်ရတနာများ ပြုလုပ်ရန်အတွက် အသုံးပြုကြသည်။ သို့သော် ယခုကျောက်စိမ်းတုံးကြီးအား သယ်ယူရန် မဖြစ်နိုင်သဖြင့် မည်သို့အသုံးချရမည်ကို တွေ့ရှိသည့် ကုမ္ပဏီက မဆုံးဖြတ်ရသေးဟု ဦးတင့်စိုးကပြောသည်။

“လက်ရှိမှာတော့ ကျောက်စိမ်းတုံးကြီးကို ရွှေ့လို့မရပါဘူး။ ဘာလို့လဲဆိုတော့ စက်ပစ္စည်းတွေ မရှိသလို လမ်းလဲ မရှိပါဘူး” ဟု ၎င်းကပြောသည်။

ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းများမှာ မြန်မာနိုင်ငံတွင် ထွက်ရှိပြီး အိမ်နီးချင်း တရုတ်နိုင်ငံက တန်ဖိုးထား ဝယ်ယူလေ့ရှိကြသည်။

ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို ယခင်စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီ များက ကြီးစိုးထားသည်။ Global Witness ၏ ခန့်မှန်းချက်အရ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာပဲ ကျောက်စိမ်းလုပ်ငန်းက ဒေါ်လာ ၃၁ ဘီလျံခန့် တန်ကြေးရှိခဲ့သည်ဟု သိရသည်။ အဆိုပါ ပမာဏသည် မြန်မာနိုင်ငံ ဂျီဒီပီ၏ ထက်ဝက်ခန့်နှင့် ညီမ ျှသည်။ 

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar