ကုလသံတမန်သစ်၏ မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ် စတင်

အေအက်ဖ်ပီ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံတမန်သစ်ဖြစ်သူ ခရစ္စတင်းရှရိန်နာဘာဂျင်နာသည် မြန်မာနိုင်ငံသို့ ၎င်း၏ ပထမဆုံးခရီးကို ယနေ့ ဇွန် ၁၂ ရက်နေ့တွင် စတင်မည်ဖြစ်ကာ လူ့အခွင့်အရေးနှင့် ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့သည်။

ဧပြီလက ခန့်အပ်ခံခဲ့ရသည့် ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ဟောင်းသည် မြန်မာအာဏာပိုင်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဇွန် ၁၁ ရက်နေ့က ကြေညာချက်တွင် ဖော်ပြထားသည်။

ရှရိန်နာဘာဂျင်နာသည် မြန်မာနိုင်ငံခရီးစဉ်အပြီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ စစ်တပ်၏ စစ်ဆင်ရေးကြောင့် ထွက်ပြေးလာခဲ့သည့် မူဆလင်ရိုဟင်ဂျာ ၇၀၀,၀၀၀ ခန့်မှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေကြသည်။ သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးမှာ အစွန်းရောက်များကို အမြစ်မှ တိုက်ထုတ်ရန်သာ ရည်ရွယ်သည်ဟု မြန်မာအစိုးရက ပြောကြားထားသည်။

ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာများမှာ မုတ်သုန်မိုးကြောင့် မြေပြိုမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ဇွန် ၁၁ ရက်နေ့က သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးမှာ မိသားစုနေသည့် တဲပေါ် ရွံ့နံရံ ပြိုကျမှုကြောင့် အိပ်နေစဉ် သေဆုံးခဲ့သည်။

အကြပ်အတည်းစတင်ချိန်ကတည်းက အများအားဖြင့် နိုင်ငံခြားသားများကို ဝင်ခွင့်မပြုခဲ့သော ရခိုင်ပြည်နယ်သို့ အကဲဖြတ်မှုများ ပြုလုပ်ရန် ၎င်း၏ အေဂျင်စီများ ဝင်ခွင့်ရရေးအတွက် ကုလသမဂ္ဂသည် မြန်မာအစိုးရနှင့် ပြီးခဲ့သည့် ရက်သတ္တပတ်က သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

ရိုဟင်ဂျာများအပေါ် ရက်စက်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် ကုလကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လုံခြုံရေးကောင်စီက မြန်မာအစိုးရကို တောင်းဆိုသည့်စာကို မေလနှောင်းပိုင်းတွင် ကုလသမဂ္ဂက ပေးပို့ခဲ့သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးခဲ့သည့် အချက်အလက်ရှာဖွေရေး မစ်ရှင်တစ်ခုကို နိုင်ငံတွင်း ဝင်ခွင့်မပြုဟု မြန်မာအစိုးရက ငြင်းဆိုထားသည်။ ထို့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူ ယန်ဟီလီကိုလည်း နိုင်ငံတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။

လုံခြုံရေးကောင်စီသည် မေလအစောပိုင်းက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သို သွားရောက်ခဲ့ပြီး စစ်တပ်၏ လက်အောက်တွင် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုနှင့် ရွာများကို မီးရှို့မှုတို့နှင့် ပတ်သက်၍ အသေးစိတ်ပြောပြသည့် ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

လက်ရှိအခြေအနေအပေါ် အလွန်စိုးရိမ်နေဆဲဖြစ်ကြောင်း စာထဲတွင် လုံခြုံရေးကောင်စီက ပြောကြားထားသည်။ ထို့အပြင် အကြပ်အတည်းကို ကိုင်တွယ်မည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်ကာ ရက်ပေါင်း ၃၀ အတွင်း အကြောင်းပြန်ရန်လည်း တောင်းဆိုထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar