ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကွယ်လွန်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ကိုဖီအာနန်သည် သြဂုတ် ၁၈ ရက်နေ့က ကွယ်လွန်သွားကြောင်း သိရသည်။

အသက် ၈၀ နှစ်ရှိပြီဖြစ်သည့် ကိုဖီအာနန်သည် နာမကျန်းဖြစ်ပြီးနောက် အေးချမ်းစွာ ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ကိုဖီအာနန်ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။

ဂါနာနိုင်ငံသားဖြစ်သူ၎င်းသည် ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်း၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်များကြောင့် ငြိမ်းချမ်းရေးနိုဗယ်ဆုကိုလည်း ရရှိခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့ရှိ ဆေးရုံ၌ ကွယ်လွန်သွားချိန်တွင် ၎င်း၏အနီး၌ ဇနီးဖြစ်သူနှင့် သားသမီးသုံးဦးလည်း အတူရှိနေသည်ဟု သိရသည်။

ကိုဖီအာနန်သည် ကမ္ဘာ့နိုင်ငံသားကောင်းတစ်ဦးဖြစ်ကာ ပိုမိုမျှတပြီး ပိုမိုငြိမ်းချမ်းသည့် ကမ္ဘာကြီးဖြစ်ပေါ်လာစေရေးအတွက် ၎င်း၏ဘဝတစ်လျောက် တိုက်ပွဲဝင်ခဲ့သည်ဟု ကိုဖီအာနန် ဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဖီအာနန်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင်လည်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပါဝင်ခဲ့သည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလက စတင် ဖွဲ့စည်းခဲ့သည့် အဆိုပါကော်မရှင်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်တွင်းနေထိုင်သူများအားလုံး၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကြံပြုချက်များ ပါဝင်သော အစီရင်ခံစာကို မြန်မာအစိုးရထံ ပြီးခဲ့သည့် သြဂုတ်လက တင်သွင်းခဲ့သည်။

အဆိုပါအကြံပြုချက်များကို မြန်မာအစိုးရက ဆက်လက်အကောင်အထည် ဖော်နေဆဲဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar