ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနှင့် ဘင်္ဂလားဒေရှ့် ခရီးစဉ် စနေ့နေ့ စတင်မည်

အေအက်ဖ်ပီ

လက်ရှိဖြစ်ပေါ်နေသည့် ဒုက္ခသည်အကြပ်အတည်းအား ဖြေရှင်းပေးရေးအတွက် ရှေ့ခြေတစ်လှမ်း တိုးသည့်အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများသို့ စနေနေ့တွင် စတင်လာရောက်ကြမည်ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လကစတင်ကာ မြန်မာမှ ဘင်္ဂလားဒေရှ့်ဘက်သို့ ထွက်ပြေးသွားခဲ့ကြသည့် ဒုက္ခသည်ခုနစ်သိန်းခန့် လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးအတွက် ဆောင်ရွက်ရန် လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအစိုးရကို တိုက်တွန်းထားသည်။

ယခုခရီးစဉ်အား ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကော့ဘဇာရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များအား သံအမတ်ကြီးများက တွေ့ဆုံခြင်းဖြင့် စတင်မည်ဖြစ်သည်။

ကူဝိတ်၊ ဗြိတိန်နှင့် ပီရူးတို့ဦးဆောင်မည့် လေးရက်ကြာခရီးစဉ်တွင် သံအမတ်ကြီးများက ရခိုင်ပြည်နယ်သို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ကာ ပန်တော်ပြင်နှင့် ရွှေဇာတို့အပါအဝင် အကြမ်းဖက်မှုကြောင့် ထိခိုက်ခဲ့ရသည့် ကျေးရွာများကို လေ့လာမည်ဖြစ်သည်။

ထို့ပြင် အဖွဲ့တွင် ပါဝင်လာမည့် သံအမတ်ကြီးများသည် မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် ရှိခ်ဟာဇာနာတို့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ယခုခရီးစဉ်သည် မြန်မာနိုင်ငံအား “အမည်တပ်ရန်နှင့် ရှုံ့ချရန်” မဟုတ်ဟု ကူဝိတ်သံအမတ်ကြီး Mansour al-Otaibi က ပြောကြားသည်။ “သူတို့အတွက် သတင်းစကားကတော့ အလွန်ရှင်းလင်းပါတယ်။ အခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်နေပြီး ဖြေရှင်းပေးဖို့အတွက် အရမ်းကို စိတ်ဝင်စားတယ်ဆိုတာပါပဲ” ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ ဘယ်လိုကူညီနိုင်မလဲဆိုတာနဲ့ ဘယ်လိုရှေ့ဆက်နိုင်မလဲဆိုတာ ကြည့်ရှုဖို့ ကျွန်တော်တို့ လာခဲ့တာပါ” ဟု ၎င်းက ပြောကြားပြီး လက်ရှိအခြေအနေအား “လက်ခံနိုင်ဖွယ်မရှိ” ဟု ဆိုသည်။

“လူခုနစ်သိန်းလောက် တိုင်းပြည်ထဲကနေ ထွက်ပြေးခဲ့ကြပါတယ်။ အခုသူတို့ မပြန်နိုင်ကြသေးပါဘူး။ အဲဒါက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးပါ” ဟု ၎င်းက ပြောသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံမတ်ကြီးအား ခန့်အပ်လိုက်သည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ဧပြီ ၂၇ ရက်နေ့တွင် ကြေညာခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar