ကိုရဲနိုင်ဝင်း၏ ပထမဆုံး တစ်ကိုယ်တော် ဓာတ်ပုံပြပွဲနှင့် ဆွေးနွေးပွဲ ကျင်းပမည်

ကမ္ဘာလှည့်သွားလာကာ ရိုက်ကူးခဲ့တဲ့ သဘာဝရှုခင်းဓာတ်ပုံ ၃၀ ခန့်ကို ပြသရောင်းချမယ့် ဓာတ်ပုံပြပွဲတစ်ခုကို ရန်ကုန်မြို့၊ ဝန်ကြီးများရုံးမှာ လေးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

“One World Through My Lens” လို့ အမည်ပေးထားတဲ့ အဲဒီပြပွဲဟာ ကိုရဲနိုင်ဝင်းရဲ့ ပထမဆုံး တစ်ကိုယ်တော် ဓာတ်ပုံပြပွဲဖြစ်ကာ နိုဝင်ဘာ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုရဲနိုင်ဝင်းဟာ ပြီးခဲတဲ့ သုံးနှစ်ခန့်အတွင်း ကမ္ဘာလှည့်သွားလာခဲ့ကာ သဘာဝရှုခင်းတွေကို ဝါသနာအလျောက် ဓာတ်ပုံတွေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အဲဒီဓာတ်ပုံတွေထဲကနေ အထူးထုတ်နှုတ်ရွေးချယ်ထားတဲ့ ဓာတ်ပုံတွေကို ပြသတာလည်း ဖြစ်ပါတယ်။

“ကျွန်တော့်ခရီးစဉ်တလျှောက် သတိထားမိလာတာက လူတွေက ကိုယ်ကျင်လည်ရာ ဝန်းကျင်လေးထဲမှာ ငြီးငွေ့စရာဘဝတွေကို ဖြတ်သန်းနေပြီးတော့ ဒီဝန်းကျင်ရဲ့ အပြင်ဘက်မှာ ဘာတွေရှိနေနိုင်သလဲဆိုတာကို သိချင်စိတ်တွေ ပျောက်ဆုံးလာကြပါတယ်။ ကျွန်တော်အချိန်ခဏယူပြီး ပုံမှန်လောကအပြင်ဘက်ကိုထွက်ပြီး သေချာ လေ့လာကြည့်တဲ့အခါမှာ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ ဘာသာတရားတွေ၊ ရင်သပ် ရှုမောစရာကောင်းတဲ့ သဘာဝရှုခင်းတွေစတဲ့ အရင်ကမသိခဲ့ရတဲ့ အရာတွေကို သိလာရတဲ့အခါ အမြင်တွေက အရင်ကထက်ပိုပြီးကျယ်ပြန့်လာတယ်လို့ ကျွန်တော်လက်ခံလာမိပါတယ်” လို့ ကိုရဲနိုင်ဝင်းက ပြောပါတယ်။

“ဒီအခွင့်အရေးကို အသုံးချပြီး ကျွန်တော်ခရီးသွားစဉ်တလျှောက် မှတ်တမ်းတင်လာခဲ့တဲ့ဓာတ်ပုံတွေကို အားလုံးနဲ့ မျှဝေပြီး လူသားအားလုံးဟာ တစ်နေရာထဲမှာ စုပေါင်းနေထိုင်သူတွေဖြစ်တယ်။ မတူကွဲပြားမှုတွေကို ကျွန်တော်တို့ အားလုံး ထွေးပွေ့ကြိုဆိုလက်ခံနိုင်ဖို့အတွက် လမ်းစလေးတစ်ခု ဖြစ်စေချင်တဲ့ဆန္ဒနဲ့ ဒီပွဲလေးကိုပြုလုပ်ရခြင်းဖြစ် ပါတယ်” လို့ ကိုရဲနိုင်ဝင်းက ပြောပါတယ်။

ပြသထားတဲ့ ဓာတ်ပုံတွေကို အမေရိကန်ဒေါ်လာ ၁,၅၀၀ ကနေ ၅,၀၀၀ လောက်အထိ ဈေးသတ်မှတ်ရောင်းချဖို့ စီစဉ်ထားတယ်လို့လည်း သူကပြောပါတယ်။ ရောင်းချလို့ရတဲ့ ငွေတွေကိုတော့ Wildlife Conservation Society Myanmar (WCS) လို ပတ်ဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေး အဖွဲ့အစည်း၊ YGW (Yellow Generation Wave) လို သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများရှိ မိဘမဲ့ ကလေးတွေ စောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေအပါအဝင် အခြားအဖွဲ့အစည်းတွေကို လှူဒါန်းသွားဖို့ သူက စီစဉ်ထားပါတယ်။

ဓာတ်ပုံတွေကို အရေအတွက် သတ်မှတ်ရောင်းချမှာဖြစ်သလို အရည်အသွေး အကောင်းဆုံးဖြစ်ကာ ကြာရှည်ခံအောင်လည်း ပြည်ပမှာ ပုံနှိပ်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၇ နဲ့ ၁၈ ရက်နေ့တွေမှာတော့ မွန်းလွဲ ၂ နာရီကနေ ၄ နာရီအတွင်း နာမည်ကျော် ဓာတ်ပုံနဲ့ ပန်းချီအနုပညာရှင်တွေက ဆွေးနွေးပွဲတွေကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးမယ့် အနုပညာရှင်တွေကတော့ Freelance Professional Photographer ဦးဇော်မင်းယု၊ Ultimate Landscape Photography သင်တန်းတည်ထောင်သူနှင့် ရှုခင်းဓာတ်ပုံဆုရရှိခဲ့သူ ဦးအောင်ပြည့်စိုး၊ Nawaday Tharlar ပန်းချီပြခန်း တည်ထောင်သူ ဦးပြည်ဝေနဲ့ Miracle Post Media Productions ရဲ့ CEO နဲ့ Executive Producer အပြင် Sony Alpha Myanmar ရဲ့ Brand Ambassador တစ်ဦးဖြစ်သူ ဦးဝဏ္ဏကျော်တို့အပြင် ကိုရဲနိုင်ဝင်း ကိုယ်တိုင်လည်း ပါဝင်မှာ ဖြစ်ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.