ကိုဗစ်-၁၉ ပိုးတွေ့စစ်သည်နှင့် ထိတွေ့သူ ၃၆၃ ဦးကိုစစ်ရာ ပိုးမတွေ့

နန္ဒ

ကိုဗစ်-၁၉ ပိုးတွေ့စစ်သည်နှင့် ထိတွေ့ခဲ့သူ ၃၆၃ ဦးကို စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ပိုးမတွေ့ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းကပြောသည်။

မေလ ၄ ရက် ဆေးစစ်ချက်အဖြေအရ ပိုးတွေ့ရှိခဲ့သော နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေမှ စစ်သည်မှာ တစ်လအတွင်း တပ်ပြင်သို့ခရီးမသွားခဲ့ကြောင်းစစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းနှင့်ဆက်စပ်သူများကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။

“စစ်ဆေးခြင်းအပိုင်းတွင် စစ်ဆေးရန်တာဝန်ပေးထား သူများအနေဖြင့် အားမနာတမ်းစစ်ဆေးရန်လိုအပ်မည်ဖြစ်သကဲ့သို့ စစ်ဆေးတွေ့ရှိချက် များကိုလည်း သိရှိအောင် ထုတ်ပြန်ပေးရမည်ဖြစ်ကြောင်း” တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ညွှန်ကြားပြီးဖြစ်သည်။

တပ်မတော်သည် ကိုဗစ်-၁၉ ကူးစက်မှုမခံရစေရန် အသွားအလာကန့်သတ်ထိန်းချုပ်မှုကို ဂရုတစိုက်ဆောင်ရွက်လျက်ရှိရာ တပ်မတော်သားထဲမှ ပိုးတွေ့သူတစ်ဦးသာရှိသေးသည်။

နိုင်ငံပြင်ပ၌မူ ရုရှားတွင် ပညာတော်သင်သွားရောက်နေသော တပ်မတော်အရာရှိ ၅ ဦး ၌ ဧပြီလနောက်ဆုံးပတ်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။

တပ်မတော်သည် COVID-19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ် ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား လက်ခံ၍ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ မေလ ၅ ရက်အထိ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စုစုပေါင်းပြည်သူ ၂၉၅ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းတွင် စုစုပေါင်းပြည်သူ ၁၂၃ ဦးတို့ကို လက်ခံထားရှိပြီး အဆိုပါစောင့်ကြည့်လူနာများ အားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း တပ်မတော်က ထုတ်ပြန်သည်။

ယနေ့ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၆၁) ဦးရှိပြီ ဖြစ်ပြီးပြန်လည်သက်သာလာသူ (၄၉) ဦးရှိပြီ ဖြစ်ကာ သေဆုံးသူ (၆)ဦး ရှိသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar