ကိုကိုးကျွန်းအနီး၌ မြန်မာ့ရေတပ် ၁၆ ရက်ကြာ လေ့ကျင့်မည်

မြန်မာ့ရေတပ်က ကိုကိုးကျွန်းအနီးရှိ ရေပြင်တွင် ၁၆ ရက်ကြာ ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်မှု (Combined Fleet Exercise) ပြုလုပ်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောကြားသည်။

မတ် ၃ ရက်မှ ၁၈ ရက်နေ့အထိ ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်သည့် ကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် သတ်မှတ်ထားသည့် ဧရိယာမှ ၅ မိုင် ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅,၀၀၀ အောက် ဖြတ်ကျော်ပံျသန်းခြင်းမပြုကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတိပေးထားသည်။

တပ်မတော်(ရေ) က ထိုသို့ လေ့ကျင့်မှုများကို ၂၀၁၄၊ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များကလည်း ပြုလုပ်ခဲ့သည်။

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) ဆောင်ရွက်နေစဉ် အမျိုးအစားမသိ မြန်နှုန်းမြင့်လေယာဉ် ၃ စီး ကိုးမိနစ်ကြာ ဝင်ရောက်ဖြတ်ကျော်ပျံသန်းမှုဖြစ်ပွားခဲ့သည်။ အဆိုပါလေယာဉ်များက မြောက်အရပ်မှ တောင်အရပ်သို့ ဝင်ရောက်ပျံသန်းခဲ့ခြင်းဖြစ်ကာ အမျိုးအစားစိစစ်ဆဲဖြစ်သည်ဟု တပ်မတော်က ထိုအချိန်က သတင်းထုတ်ပြန်ခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar