ကလေးစစ်သား ၅၃ ယောက် နှုတ်ထွက်ခွင့်ပြုခဲ့ဟု ယူနီဆက်ထုတ်ပြန်

မြန်မာ့တပ်မတော်မှ အသက်မပြည့်သေးသော စစ်သား ၅၃ ယောက်ကို တပ်မတော်မှ ယနေ့နှုတ်ထွက်ခွင့်ပြုလိုက်ရာ ယခုနှစ်အတွင်း စစ်တပ်မှ နှုတ်ထွက်ခွင့်ပြုခဲ့သူ ၁၄၆ ဦး ရှိခဲ့ပြီ ဖြစ်သည်။

ရန်ကုန်၊ နိုဝင်ဘာ ၃၀

မြန်မာ့တပ်မတော်မှ အသက်မပြည့်သေးသော စစ်သား ၅၃ ယောက်ကို တပ်မတော်မှ ယနေ့နှုတ်ထွက်ခွင့်ပြုလိုက်ရာ ယခုနှစ်အတွင်း စစ်တပ်မှ နှုတ်ထွက်ခွင့်ပြုခဲ့သူ ၁၄၆ ဦး ရှိခဲ့ပြီ ဖြစ်သည်။

“မြန်မာအစိုးရနဲ့ တပ်မတော်က အန္တရာယ်ကြီးမားတဲ့ ကလေးစစ်သားစုဆောင်းမှုနဲ့ အသုံးပြုနေမှုကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတာကို ဖော်ပြလိုက်တာပါပဲ။ ကလေးငယ်တွေ သူတို့ မိဘရပ်ထံ ပြန်ခွင့်ရသွားကြတာကို မြင်ရတာ ကျွန်တော် စိတ်ကြည်နူးမှု ဖြစ်ရပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးဌာနေကိုယ်စားလှယ် ရနေတာ လော့ဒေဆယ်လီယံ Renata Lok-Desallien က ပြောသည်။

မြန်မာအစိုးရသည် ကုလသမဂ္ဂနှင့် ပူးတွဲဆောင်ရွက်မှုအစီအစဉ်ကို ၂၀၁၂ ဇွန်လတွင် လက်မှတ်ရေးထိုးပြီးခဲ့ချိန်မှစ၍ စစ်တပ်မှ နှုတ်ထွက်ခွင့်ရသည့် ကလေးစစ်သားပေါင်း ၆၉၉ ဦး ရှိပြီဖြစ်ကြောင်း ယူနီဆက်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ကလေးသူငယ်များအပေါ် ဆိုးဆိုးရွားရွားကျူးလွန်မှုများကို လေ့လာစောင့်ကြည့်ရေးဆိုင်ရာ ကုလသမဂ္ဂတပ်ဖွဲ့က ယခုကဲ့သို့လွှတ်ပေးမှုကို ကြိုဆိုလိုက်ပြီး မြန်မာ့စစ်တပ်၌ ကလေးသူငယ်များအား စုဆောင်းအသုံးချနေမှုကို အဆုံးသတ်ရန်လိုကြောင်း အလေးအနက် ပြောကြားခဲ့သည်။

၂၀၀၇ ခုနှစ်က ကုလအတွင်းရေးမှူးချုပ်က ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံ၌ တပ်မတော်သာမက ကလေးစစ်သားစုဆောင်းအသုံးပြုနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ ရှိကြောင်၊ ယင်းတို့ထဲတွင် ‘ဝ’ စစ်တပ်၊ ကေအိုင်အေ၊ အက်စ်အက်စ်အေ(တောင်ပိုင်း)နှင့် ဒီကေဘီအေအဖွဲ့များလည်း ပါဝင်ကြောင်း ဖော်ပြခဲ့သည်။

“အတွင်းရေးမှူးချုပ်ရဲ့အစီရင်ခံစာမှာ ပါတဲ့ အဖွဲ့အားလုံးထံကို ကလေးစစ်သားစုဆောင်းအသုံးပြုမှု အဆုံးသတ်ပေးဖို့ ကျွန်တော်တို့ တိုက်တွန်းတောင်းဆိုပြီး မြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် အတူတကွ လုပ်ဆောင်လိုပါတယ်” ဟု မစ္စတာ လော့ဒေဆယ်လီယံ က ပြောသည်။

၂၀၁၃ နိုဝင်ဘာလအတွင်း ယူနီဆက်နှင့် မြန်မာအစိုးရတို့သည် မြန်မာ့စစ်တပ်အတွင်း ကလေးစစ်သားစုဆောင်းအသုံးပြုနေမှုကို ပိုမိုသိရှိနိုင်ရေးအတွက် နိုင်ငံအဝှမ်း တိုက်ရိုက်တယ်လီဖုန်းလိုင်း hotline တပ်ဆင်ပေးခဲ့သည်။ စစ်တပ်အတွင်း ကလေးစစ်သည် အသုံးပြုနေကြောင်း သံသယရှိပါက မည်သူမဆို ချက်ချင်းဖုန်းဆက် အကြောင်းကြားနိုင်ရန် ဖုန်းလိုင်း နှစ်ခု 09 4211 66701 နှင့် 09 4211 66702 ကို တပ်ဆင်ပေးထားသည်။

သတင်း – အိုလီဗာ ဆလိုး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.