ကရင်ပြည်နယ်လုံးဆိုင်ရာ ပအိုဝ်းအမျိုးသားလူငယ်ညီလာခံ စတင်ကျင်းပ

ခွန်ယံ

ကရင်ပြည်နယ်လုံးဆိုင်ရာ ပအိုဝ်းအမျိုးသားလူငယ်ညီလာခံကို ဘားအံမြို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးတွင် ဇူလိုင်လ ၂၀ ရက်တွင် စတင်ကျင်းပသည်။

ညီလာခံကို ဇူလိုင် ၂၀ နှင့် ၂၁ ရက် နှစ်ရက်တာကျင်းပမည်ဖြစ်ပြီး ပအိုဝ်းလူငယ်နှင့် အမျိုးသား နိုင်ငံရေး ကဏ္ဍ၊ပအိုဝ်းအမျိုးသားလူငယ်နှင့် လူငယ်မူဝါဒ ၊ ပအိုဝ်းအမျိုးသားလူငယ်နှင့် နိုင်ငံရေး အခြေအနေများကို ဆွေးနွေးကြမည်ဖြစ်သည်။(သတင်းဖော်ပြပြီး)

https://www.frontiermyanmar.net/mm/news/15010

ယခုညီလာခံတွင် ရရှိလာသည့် တမျိုးသားလုံးနှင့်သက်ဆိုင်သည့် သဘောတူညီချက်များကို တနိုင်ငံလုံးဆိုင်ရာ ပအိုဝ်းအမျိုးသားလူငယ်ညီလာခံသို့ တင်သွင်းရန်ရှိရာ ယခုညီလာခံတွင် စာတမ်းတစ်စောင် ပြုစုသွားမည်ဖြစ်သည်။

ညီလာခံကိုယ်စားလှယ်များကို အသက် ၁၈ နှစ်အထက် လူငယ်များကို ရွေးချယ်ခဲ့သည်။

ky_4.jpg

 title=

title=

ညီလာခံတွင် ရွှေဘိုဆရာတော် ၊ ကရင်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ကရင်ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု နာယက၊ ညီလာခံကျင်းပရေး ကော်မတီဥက္ကဋ္ဌတို့က အဖွင့်အမှာစကား ပြောကြားကြသည်။

ယခုကျင်းပသည့် ညီလာခံ ပထမရက်တွင် ညီလာခံကိုယ်စားလှယ်များ၊ လေ့လာသူများ စုစုပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar