ကန်တော်ကြီးပန်းခြံအတွင်း အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များ ထပ်မံတွေ့ရှိ

ရေစိုနေသည့် အိမ်ထောင်စုစာရင်းများနှင့် နိုင်ငံသား စိစစ်ရေးကတ် ၁၀၀ ကျော်ကို ရန်ကုန်မြို့၊ ကန်တော်ကြီး ပန်းခြံအတွင်းတွင် ဒီဇင်ဘာ ၃ ရက်နေ့က ထပ်မံတွေ့ရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက ကန်တော်ကြီးဝင်းအတွင်း နဂါးကျွန်းမြက်ခင်းပြင်၌ အိမ်ထောင်စုစာရင်း ၂၁ စောင်နှင့် နိုင်ငံသာ စိစစ်ရေးကတ်ပြားမူရင်း ၁၂၉ ခုကို တွေ့ရှိခဲ့ပြီးနောက် ဒုတိယအကြိမ် ထပ်မံတွေ့ရှိခြင်းလည်း ဖြစ်သည်။

ဒီဇင်ဘာ ၃ ရက်နေ့၊ နံနက် ၆ နာရီတွင် ကန်တော်ကြီးပန်းခြံအတွင်း၌ စည်ပင်လုံခြုံရေးဝန်ထမ်းဖြစ်သူ ဝင်းသူက သန့်ရှင်းရေးပြုလုပ်စဉ် နဂါးကျွန်းမြက်ခင်းပြင်တွင် ရေစိုပြန့်ကျဲနေသည့် အိမ်ထောင်စု စာရင်း မူရင်း ၁၆ စောင်နှင့် နိုင်ငံသား စိစစ်ရေးကတ် မူရင်း ၁၂၂ ခုကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၎င်းက ဒီဇင်ဘာ ၄ ရက်နေ့၊ နံနက် ၁၁ နာရီတွင် ဗဟန်းမြို့မရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

၎င်းအိမ်ထောင်စုစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကဒ်များ တွေ့ရှိသည့်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဒီဇင်ဘာ ၂ ရက်နေ့က တွေ့ရှိခဲ့သည့် အိမ်ထောင်စုစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်များ တွေ့ရှိရာ မြက်ခင်းပြင်နှင့် ပေ ၂၀ ခန့်အကွာ ကန်တော်ကြီးကန်စပ်အနီးရှိ မြက်ခင်းပေါ်၌ ထပ်မံတွေ့ရှိရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ “တစ်စုံတစ်ဦးမှ ကန်အတွင်းသို့ ပစ်ချထားရာမှ ထပ်မံတွေ့ရှိ ဆယ်ယူထားခြင်း ဖြစ်နိုင်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် တရားဝင်ထုတ်ပေးထားသော အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ဟုတ်/မဟုတ် သက်ဆိုင်ရာ တိုင်း/ပြည်နယ်များသို့ ဆက်သွယ်စိစစ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး လဝကဦးစီးမှူးရုံးသို့ ဆက်လက် တင်ပြထားရှိသည်ဟု ဆိုသည်။

ဒီဇင်ဘာ ၂ ရက်နေ့က တွေ့ရှိခဲ့သည့် အိမ်ထောင်စုစာရင်း ၂၁ စောင်မှာ မန္တလေးမှ ၇ ခုနှင့် ရန်ကုန်မှ ၁၄ ခုဖြစ်ကာ မှတ်ပုံတင်ကတ်ပြား ၁၂၉ ခုမှာ မန္တလေး ၈၄ ခု၊ မကွေး ၆ ခု၊ ပဲခူး ၄ ခု၊ တနင်္သာရီ ၁ ခု၊ ဧရာဝတီ ၁၇ ခု၊ ရန်ကုန် ၅ ခု၊ မွန် ၆ ခု၊ ရခိုင် ၁ ခု၊ ရှမ်း ၁ ခုနှင့် ဖတ်မရ ၄ ခုတို့ ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခင်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များကိုလည်း စိစစ်နိုင်ရန် ဆက်လက် ဆောင်ရွက်နေသည်ဟု ဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar