ဖမ်းဆီးခံရသူတွေဟာ ရှေ့နေအကူအညီရဖို့ ပိတ်ပင်ခံလာရပါပြီ။ စစ်ကောင်စီက ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေအပါအဝင် တရားမဲ့ဖမ်းဆီးအကျဉ်းချမှုကို တားမြစ်ထားတဲ့ ဥပဒေတွေကိုလည်း ပြင်ဆင်ပြောင်းလဲခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဒို့အသံက ဥပဒေကျွမ်းကျင်သူတွေ၊ ဖမ်းဆီးခံရသူတွေရဲ့မိသားစုတွေနဲ့စကား ပြောကြည့်ထားပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။
ဒို့အသံအစီအစဉ်ဟာ မြန်မာနိုင်ငံတဝန်းက လူ့အခွင့်အရေးနဲ့အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ အပတ်စဉ်ပေါ့ဒ်ကတ်အစီအစဉ် ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဖရွန်းတီးယားမြန်မာနဲ့ မြန်မာနဲ့နိုင်ငံတဝန်းက မိတ်ဖက်မီဒီယာတွေ ပူးပေါင်းတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးနဲ့ ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (SDC)က ပံ့ပိုးကူညီထားပြီး ဖရွန်းတီးယားမြန်မာနဲ့ ဖွန်ဒေးရှင်းဟီရွန်ဒဲလ်တို့က ပူးပေါင်းတင်ဆက်တာ ဖြစ်ပါတယ်။