၂၀၁၆ ခုနှစ်၏ ဒုတိယသုံးလပတ်တွင် သုံးဆွဲသူ ၁ ဒသမ ၃ သန်း ထပ်မံရရှိခဲ့ပြီးနောက် ဇူလိုင်လ၌ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် သုံးဆွဲသူ ရှစ်သန်းအထိ ရှိလာပြီဖြစ်သည်ဟု အူရီဒူးက သြဂုတ် ၅ ရက်နေ့က ကြေညာခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းအထိ ကွန်ယက် လွှမ်းခြုံနိုင်ပြီဖြစ်သည်ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Rene Meza က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ အူရီဒူး၏ 4G ကွန်ယက်အား အသုံးပြုနေသူ ၄ ဒသမ ၆ သန်းရှိနေပြီဟုလည်း ၎င်းကပြောကြားသည်။
၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် ဝန်ဆောင်မှု စတင်ပေးအပ်ချိန်မှ စတင်ကာ ဆက်သွယ်ရေး အခြေခံအဆောက်အဦးများအတွက် အူရီဒူးက အမေရိကန်ဒေါ်လာ နှစ်ဘီလျံ ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။ ပြီးခဲ့သည့်နှစ် မိုးရာသီက နှောင့်နှေးမှုများရှိခဲ့သော်လည်း ဖိုင်ဘာလိုင်း ၇၅၀၀ ကီလိုမီတာအထိ ခင်းကျင်း ချိတ်ဆက်ထားပြီး ဖြစ်သည်။
ကာတာအခြေစိုက် အူရီဒူးသည် မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးနေသည့် တယ်လီကွန်း ဆက်သွယ်ရေးလုပ်ငန်းသုံးခုအနက် တစ်ခုဖြစ်သည်။ နော်ဝေအခြေစိုက် တယ်လီနောနှင့် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့နှင့် ပြိုင်ဆိုင်နေရခြင်းဖြစ်သည်။ အူရီဒူးက ဈေးကွက်ရှယ်ရာအနည်းဆုံး ရရှိထားသော်လည်း ပြီးခဲ့သည့်လများအတွင်း သုံးဆွဲသူအရေအတွက် အလ ျှင်အမြန် တိုးတက်လာသည်။
ယခုနှစ်အစောပိုင်းကလည်း မြန်မာနိုင်ငံအတွက် စတုတ္ထမြောက် ဆက်သွယ်ရေးလိုင်စင်ကို ဗီယက်နမ် စစ်တပ်ပိုင် Viettel နှင့် ပြည်တွင်းကုမ္မဏီ ၁၁ ခု ပေါင်းစည်းထားသည့် လုပ်ငန်းစုထံ အစိုးရက ပေးအပ်ခဲ့သည်။