အူရီဒူးမြန်မာက Apple ၏ နောက်ဆုံးထုတ် iPhone Xs နှင့် iPhone Xs Max များကို မိတ်ဆက်ပေးခဲ့ပြီး ဝယ်ယူ သုံးစွဲမည့်သူများအတွက် အထူးဒေတာ အစီအစဉ်များ ပေးအပ်သွားမည်ဟု အောက်တိုဘာ ၁၉ ရက်နေ့က ကြေညာလိုက်သည်။
“မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ Apple ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ iPhones တွေကို စိတ်အားထက်သန်စွာနဲ့ စောင့်မျှော်နေကြတာဖြစ်ပြီး ကျွန်တော်တို့ အခုလို ဒီမှာ တရားဝင် မိတ်ဆက်ပေးခွင့် ရလို့ရော၊ iPhone Xs and iPhone Xs Max အတွက် အထူးဒေတာလက်ဆောင် အစီအစဉ်ကို ပေးအပ်နိုင်လို့ရော အလွန်ဝမ်းသာပါတယ်” ဟု အဆိုပါနေ့က မြန်မာပလာဇာတွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတွင် အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Vikram Sinha က ပြောကြားသည်။
အူရီဒူး၏ အထူးဒေတာလက်ဆောင် အစီအစဉ်ကို စာရင်းသွင်းပြီးနောက် သုံးစွဲသူများ အနေဖြင့် ၎င်းတို့၏ အူရီဒူးဖုန်းနံပါတ်ကို ဖုန်းငွေ ၁ဝ,ဝဝဝ ကျပ် ဖြည့်တိုင်း ရက် ၃ဝ ကြာ အသုံးပြုနိုင်မည့် ဒေတာလက်ဆောင် 3 GB ကို ရရှိမည်ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
“ပြည်သူလူထုရဲ့ဘဝတွေ ပြည့်စုံကောင်းမွန်စေဖို့နဲ့ မြန်မာနိုင်ငံကို ဒီဂျစ်တယ်နိုင်ငံအဖြစ် ဖွံ့ဖြိုး တိုးတက်လာစေဖို့ကို ပံ့ပိုးပေးလျက်ရှိပြီး နည်းပညာပိုင်းဆိုင်ရာနှင့် တီထွင်ဆန်းသစ်မှုပိုင်းဆိုင်ရာမှာ နောက်ဆုံးပေါ် ဝန်ဆောင်မှုတွေနဲ့ ထုတ်ကုန်တွေကို ယူဆောင်လာပေးသလို ယခုကဲ့သို့ စိတ်လှုပ်ရှားစရာကောင်းပြီး ဆီလျော်တဲ့ အထူးအစီအစဉ်တွေကို ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ ရယူ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု Mr. Vikram Sinha က ဆက်လက် ပြောကြားသည်။