အာရှ-ဥရောပ အစည်းအဝေးကို မြန်မာနိုင်ငံက ရှေ့နှစ်တွင် လက်ခံကျင်းပမည်

ရန်ကုန်၊ ဇူလိုင် ၁၆

လာမည့် ၂၀၁၇ ခုနှစ်၊ နှစ်လယ်ခန့်တွင် ၁၂ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး (ASEM) ကို မြန်မာနိုင်ငံက လက်ခံကျင်းပမည် ဖြစ်သည်။

“လာမည့် ASEM နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂ဝ၁၇ ခုနှစ်လယ်တွင် မိမိတို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်ဆိုသည့် ကတိကဝတ်ကို မိမိအနေဖြင့် ထပ်လောင်း အတည်ပြုလိုပါတယ်” ဟု မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့တွင် ဇူလိုင် ၁၅ ရက်နေ့က စတင်ကျင်းပသည့် ၁၁ ကြိမ်မြောက် ASEM အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ နိုင်ငံတော်သမ္မတဦးထင်ကျော်က ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် အစည်းအဝေးက ASEM ဝန်ကြီးများကို မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စိတ်လှုပ်ရှားဖွယ်ရာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို တွေ့ကြုံစေမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါအစည်အဝေးတွင် သမ္မတဦးထင်ကျော်က အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ညှိနှိုင်းရေးမှူးအဖြစ် မိန့်ခွန်းပြောကြားခြင်းလည်း ဖြစ်သည်။

အာရှ-ဥရောပ မိတ်ဘက်ဆက်ဆံရေးလုပ်ငန်းစဉ်ကို ၁၉၉၆ ခုနှစ်၊ မတ်လ ၁ ရက်မှ ၂ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ တွင် ကျင်းပသည့် ပထမအကြိမ် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးမှ စတင်ခဲ့ခြင် ဖြစ်သည်။ ထိပ်သီး အစည်းအဝေးများကို နှစ်နှစ်လျှင် တစ်ကြိမ် အာရှနှင့် ဥရောပဒေသရှိ နိုင်ငံများတွင် တစ်လှည့်စီ ကျင်းပလျက် ရှိသည်။

၁၉၉၆ ခုနှစ်ကကျင်းပခဲ့သော ပထမအကြိမ် ထိပ်သီးအစည်းအဝေးမှ ၂၆ နိုင်ငံပါဝင်သော အဖွဲ့ငယ်မှတစ်ဆင့် ပေါ်ပေါက်လာပြီး နှစ် ၂ဝ အကြာ၌ ယနေ့အချိန်တွင် ၅၃ နိုင်ငံအထိ တိုးတက်လာပြီဖြစ်သည်။

ယခုနှစ် အစည်းအဝေးကို မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့တွင် ဇူလိုင် ၁၅ နှင့် ၁၆ ရက်နေ့များတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေး တက်ရောက်နေသည့် သမ္မတဦးထင်ကျော်သည် ဇူလိုင် ၁၅ ရက်နေ့တွင် ခရိုအေးရှားနိုင်ငံသမ္မတ မစ္စကိုလင်ဒါဂဗာ ကီတရိုဗစ်၊ နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘော့ဘရမ်း၊ မွန်ဂိုလီးယားနိုင်ငံ သမ္မတ အယ်လ်ဘတ်ခ် ဒေါ့ဂျ် ဇတ်ခ်ဟီးလ်ယာဒ်နှင့် အင်ဒိုနီးရှားနိုင်ငံ ဒုတိယသမ္မတ မစ္စတာဂျတ်ဇူစ် ခါကာတို့နှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဇူလိုင် ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခချန်၊ နယ်သာလန်နိုင်ငံ ဝန်ကြီးချုပ် မက်ရူတာ၊ လူဇင်ဘတ်နိုင်ငံ ဝန်ကြီးချုပ် ဇေဗီးယား ဘက်တယ်လ်၊ ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် ယူဟာ စီပီလာ၊ အက်စတိုး နီးယားနိုင်ငံ ဝန်ကြီးချုပ် တဲဗီ ရိုအိဗက်စ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ (Sheikh Hasina) တို့နှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

သတင်း- Frontier

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar