စစ်အာဏာသိမ်းမှုအလွန် ဖြစ်ပေါ်နေတဲ့ မြန်မာ့စီးပွားရေးအကျပ်အတည်းဟာ တစ်ဖြည်းဖြည်း ဆိုးသထက်ဆိုးဝါးနေပါပြီ။ နိုင်ငံလူဦးရေရဲ့ ထက်ဝက်လောက်ဟာ နောက်နှစ်မှာ ဆင်းရဲမွဲတေမှု ကြုံလာရနိုင်တယ်လို့ ပညာရှင်အဖွဲ့အစည်းတွေက ခန့်မှန်းချက်တွေ ထွက်ပေါ်လာနေပါတယ်။ ငွေကြေးချို့တဲ့သူတွေဟာ အလုပ်လက်မဲ့တွေဖြစ်လာပြီး နိုင်ငံအနှံ့ လူပေါင်းသန်းနဲ့ချီ အငတ်ဘေးကြုံလာနိုင်တယ်လို့ ခန့်မှန်းချက်တွေက သတိပေးထားပါတယ်။ ဒီတစ်ပတ်မှာတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တင်ပြသွားမှာဖြစ်ပါတယ်။
ဒို့အသံအစီအစဉ်ဟာ မြန်မာနိုင်ငံတဝန်းက လူ့အခွင့်အရေးနဲ့အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ အပတ်စဉ်ပေါ့ဒ်ကတ်အစီအစဉ် ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဖရွန်းတီးယားမြန်မာနဲ့ မြန်မာနဲ့နိုင်ငံတဝန်းက မိတ်ဖက်မီဒီယာတွေ ပူးပေါင်းတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးနဲ့ ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (SDC)က ပံ့ပိုးကူညီထားပြီး ဖရွန်းတီးယားမြန်မာနဲ့ ဖွန်ဒေးရှင်းဟီရွန်ဒဲလ်တို့က ပူးပေါင်းတင်ဆက်တာ ဖြစ်ပါတယ်။