အသေးစားနှင့် အလတ်စား စားသောက်ကုန်လုပ်ငန်းရှင်များ မြန်မာနိုင်ငံကို အာရုံစိုက်ကြရန် ထိုင်းအစိုးရ တိုက်တွန်း

မြန်မာနိုင်ငံသို့ ပို့ကုန်တင်ပို့မှု သိသိသာသာ တိုးတက်လာသည့်အတွက် အသေးစားနှင့် အလတ်စား စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံကို အာရုံစိုက် ဦးတည်ချက်ထားကြရန် ထိုင်းအစိုးရက တိုက်တွန်းထားသည်ဟု ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းစာက ရေးသားထားသည်။

မြန်မာနိုင်ငံသို့ စားသောက်ကုန်တင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်က ၂၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု စက်မှုဝန်ကြီးဌာန၊ အမျိုးသားစားသောက်ကုန်ဆိုင်ရာ အင်စတီကျူက ထုတ်ပြန်ခဲ့သည်။ ဂျပန်၊ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ပြီးလျှင် မြန်မာနိုင်ငံသည် ထိုင်းစားသောက်ကုန်များကို အများဆုံး တင်သွင်းသည့် စတုထ္တမြောက် နိုင်ငံဖြစ်သည်။

ထိုင်းနိုင်ငံက ထုတ်လုပ်သည့် စားသောက်ကုန်များ၏ လေးရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ တင်ပို့နေရသည်ဟု အင်စတီကျူ၏ ဥက္ကဋ္ဌဖြစ်သူ Yongvut Saovapruk က ပြောကြားသည်။ ပြီးခဲ့သည့်နှစ်က ထုတ်လုပ်မှု ပမာဏသည် ထိုင်းဘတ်ငွေ ၉၀၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၂ ဘီလျံ) ဖိုးခန့်ဖြစ်သည်ဟု ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် နေးရှင်းသတင်းစာက ရေးသားထားသည်။

အာဆီယံ ၁၀ နိုင်ငံအနက် မြန်မာနိုင်ငံသို့ ထိုင်းစားသောက်ကုန်များ တင်ပို့မှုမှာ ၁၇ ရာခိုင်နှုန်းရှိပြီး အများဆုံး တင်ပို့ရသည့် ဈေးကွက်လည်းဖြစ်သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံဈေးကွက် ပိုမိုကြီးထွားလာမည့် အလားအလာကိုလည်း စဉ်းစားထားသင့်သည်ဟု မစ္စတာ Yongvut က ပြောသည်။ 

“မြန်မာနိုင်ငံရဲ့ အသင့်ပြုပြင်ပြီး စားသောက်ကုန်ဈေးကွက်ဟာ ၂၀၁၄ ကနေ ၂၀၁၈ အတွင်းမှာ ပျမ်းမျှအားဖြင့်တစ်နှစ်ကို ၁၅ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ Euromonitor က ခန့်မှန်းထားပါတယ်” ဟု ၎င်းကပြောသည်။

“ဒါပေမယ့် အရက်မဟုတ်တဲ့ အချိုရည် ဈေးကွက်ဟာ တစ်နှစ်အတွင်းမှာ ၂၃ ရာခိုင်နှုန်းအထိ တိုးတက်နေပါတယ်” ဟုလည်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံမှ အသေးစားနှင့် အလတ်စား စားသောက်ကုန်လုပ်ငန်းရှင်များသည် ပြီးခဲ့သည့်လက ရန်ကုန်မြို့တွင် ကျင်းပသည့် Myanmar International Franchise and SME ပြပွဲသို့ တက်ရောက်ခဲ့ကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar