အချိန်ပို ကိုးနာရီခွဲလောက် အလုပ်လုပ်ပြီး သတ်မှတ်ထားတဲ့အထည်စံချိန် မပြည့်မီတဲ့အတွက် အချိန်ပိုကြေး မရတာမျိုး ကြားဖူးပါသလား။ ဒါက အထည်ချုပ်လုပ်ငန်းမှာလုပ်ကိုင်နေတဲ့ စက်ရုံအလုပ်သမားတွေကြုံတွေ့နေရတာပါ။ ဒီတစ်ပတ်မှာတော့ အာဏာသိမ်းပြီးလေးနှစ်နီးပါးကြာလာချိန်မှာ အထည်ချုပ်လုပ်ငန်းက အလုပ်သမားတွေကြုံတွေ့နေရတဲ့အခက်ခဲအသစ်တွေကို တင်ဆက်ပေးသွားမှာပါ။
ဒို့အသံဟာ မြန်မာနိုင်ငံတဝန်းက လူ့အခွင့်အရေးအခြေအနေတွေကို တင်ဆက်ပေးနေတဲ့ အပတ်စဉ် ပေါ့ဒ်ကတ်အစီအစဉ် ဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို ဟီရွန်ဒဲလ်ဖောင်ဒေးရှင်းနဲ့ အလှူရှင်အဖွဲ့အစည်းတွေက ပံ့ပိုးပေးမှုနဲ့အတူ ဖရွန်တီးယားမြန်မာနဲ့ မြန်မာနိုင်ငံတစ်ဝန်းက မိတ်ဖက်မီဒီယာတွေ ပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်။
