အန္တရာယ်များစွာ ကြားကပဲ မြို့ပြတွေရဲ့ လမ်းမတွေပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေက ဆက်လက် ထွက်ပေါ်လာနေဆဲပါ။ အကောင်းဆုံးစီစဉ်မှုတွေ မလုပ်ဆောင်ရင် ဘဝတွေက မတွေးဝံ့စရာပါ။ စစ်ကြောရေးကိုရောက်သွားမလား၊ ညှဉ်းပန်းနှိပ်စက်ခံရပြီး ထောင်ကျမလား။ ဒါမှမဟုတ်သေသွားမလား။ အဲဒီလို တစ်ခုခု ဖြစ်သွားနိုင်ပါတယ်။
ဒီတစ်ပတ်ရဲ့ ဒို့အသံအစီအစဉ်မှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းလဲလာတဲ့ ဆန္ဒပြပွဲတွေအကြောင်းနဲ့ ဘာကြောင့် အသက်ကိုရင်းပြီး ဆက်လက်လုပ်ဆောင်နေကြသလဲဆိုတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာပါ။ ဒီဆောင်းပါးကို ဒို့အသံ သတင်းထောက်က ဆက်လက်တင်ဆက်ပေးသွားမှာပါ။
ဒို့အသံဟာ မြန်မာနိုင်ငံတဝန်းက လူ့အခွင့်အရေးအခြေအနေတွေကို တင်ဆက်ပေးနေတဲ့ အပတ်စဉ် ပေါ့ဒ်ကတ်အစီအစဉ် ဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို အလှူရှင်အဖွဲ့အစည်းတွေက ပံ့ပိုးပေးမှုနဲ့အတူ ဖရွန်တီးယားမြန်မာနဲ့ မြန်မာနိုင်ငံတစ်ဝန်းက မိတ်ဖက်မီဒီယာတွေ ပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်။