အထပ်မြင့်ဂယက် စီးပွားရေးလောကကို ရိုက်ခတ်လာမလား

ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့ လျော်ညီမယ့် စည်းကမ်းတချို့ ထပ်မံ ဖြည့်စွက်ပြီး စိစစ်ခဲ့ရာမှာ စိစစ်ရရှိချက်တွေအရ အဆောက်အအုံ ၆၄ လုံးမှာ အများစုဟာ လုပ်ငန်းကို ပုံမှန်အတိုင်း ဆက်လုပ်နိုင်ကြပြီး အထပ်မြင့် ၁၂ လုံးကတော့ ပြုပြင်တည်ဆောက်ဖို့ ညွှန်ကြားခံရပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အခုရက်ပိုင်းအတွင်း ရန်ကုန် စီးပွားရေးလောကကို ဂယက်အရိုက်ဆုံး သတင်းကတော့ အထပ်မြင့် အဆောက်အအုံ ၁၂ လုံးနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေ အထပ်အရေအတွက် လျှော့ချဖို့၊ ဒီဇိုင်းတချို့ ပြန်ဆွဲပြီး တင်ပြဖို့၊ တချို့ ရောက်ရှိနေဆဲ အထပ်အမြင့်မှာပဲ ရပ်တန့်ထားဖို့ ညွှန်ကြားခံရတဲ့ သတင်းပါ။

ရန်ကုန် ဆောက်လုပ်ရေးလုပ်ငန်းဟာ တစ်နိုင်ငံလုံးက ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ နှိုင်းယှဉ်ရင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်ပြီး တခြားဘဏ်လုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း အပါအဝင် လုပ်ငန်းတချို့နဲ့ ဆက်စပ်မှု ရှိနေတာကြောင့် ဒီလောက် ဂယက်ရိုက်ခတ်မှု ကြီးသွားရတာပါ။

ခုဆို အဆောက်အအုံတွေ ပြင်ဆောက်ဖို့ ညွှန်ကြားခံရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက သူတို့အနေနဲ့ ဂုဏ်သိက္ခာ အရရော၊ ငွေကြေးအရပါ အများကြီး နစ်နာခဲ့ရပါတယ်၊ ဒါကြောင့် သူတို့အပေါ် ရန်ကုန်စည်ပင်က ညွှန်ကြားခဲ့သမျှနဲ့ပတ်သက်ပြီး ပြန်စဉ်းစားပေးပါဆိုပြီး သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ထိပ်ပိုင်း အာဏာပိုင်တွေဆီ စာရေး အသနားခံစာတင်တာမျိုး ရှိလာနေပါပြီ။

ပြဿနာ ဘယ်လို ဖြစ်ရတာပါလဲ၊ ဒီပြဿ     နာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းမှာ ထိခိုက်မှုတွေ ရှိလာနိုင်မလား၊ တခြား စီးပွားရေးလောက အပေါ်မှာရော ဂယက်ရိုက်ခတ်လာနိုင်မလား ဆိုတာ ဒီတစ်ပတ် တင်ပြသွားပါ့မယ်။

ပြီးခဲ့တဲ့ ၂၀၁၆ မတ်လကုန် အင်န်အယ်လ်ဒီ အစိုးရအဖွဲ့သစ် တက်လာပြီးတဲ့အခါ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဟာ အရင် အစိုးရလက်ထက်က ပါမစ်ရ အဆောက်အအုံ ၆၄ လုံးနဲ့ မူအားဖြင့် ခွင့်ပြုချက်ရ အဆောက်အအုံ ၁၂၀ ကျော်ရဲ့ တည်ဆောက်မှုလုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းဖို့ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

အကြောင်းရင်းကတော့ အရင် အစိုးရလက်ထက်က ဆောက်လုပ်ပြီးစီးခဲ့တဲ့ အဆောက်အအုံတွေဟာ စံချိန်စံညွှန်း မမီတာ၊ ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့ လျော်ညီအောင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း မဆောက်လုပ်တာ၊ အခန်းများများ ထွက်အောင်နဲ့ ငွေများများရအောင် တစ်ခုတည်း ရည်ရွယ်ပြီး ခွင့်ပြုထားတဲ့ စည်းကမ်းချက်တွေကို ချိုးဖေါက်တာ စတဲ့အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

အဲလို ဆောက်လုပ်ခဲ့ကြလို့ပဲ ရန်ကုန်မြို့က အဆောက်အအုံတွေမှာ ကားပါကင်တွေ ပါသင့်သလောက် မပါတာ၊ လမ်းသွယ်ထဲမှာ အထပ်မြင့် တိုက်ကြီး ဆောက်တာ၊ ဓာတ်လှေခါး ပါသင်တဲ့ အဆောက်အအုံတွေ ဓာတ်လှေခါး မပါတာ စတဲ့ ပြဿ     နာမျိုးစုံနဲ့ ကြုံရပြီး ရန်ကုန်မြို့ပြ စနစ်တကျ ဖွံ့ဖြိုးရေးကို အထောက်အကူ မပြုတဲ့ အဆောက်အအုံတွေ ဖြစ်နေတာတွေ ကြုံခဲ့ရလို့ပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ ရန်ကုန်တိုင်း အစိုးရဟာ အဆောက်အအုံ စိစစ်ရေးအဖွဲ့တွေ ဖွဲ့ပြီး ပါမစ်ရ အဆောက်အအုံ ၆၄ လုံးကို အရင် ကွင်းဆင်း စစ်ဆေးပါတယ်။ စစ်ဆေးရေးအဖွဲ့မှာ အစိုးရနဲ့ စည်ပင် တာဝန်ရှိသူတွေ၊ အင်ဂျင်နီယာတွေ၊ ရပ်မိရပ်ဖတွေ ပါဝင်ကြပါတယ်။

စစ်ဆေးတွေ့ရှိချက်ကို ရန်ကုန်တိုင်း အစိုးရဆီ တင်ပြ၊ အစိုးရအဖွဲ့အတွင်းမှာ ဆွေးနွေးညှိနှိုင်းပြီး အထပ်မြင့် အဆောက်အအုံ ၁၂ လုံးနဲ့ပတ်သက်လို့ ဘယ်လို ဆက်လုပ်ပါ ဆိုပြီး စည်ပင်ကတဆင့် လုပ်ငန်းရှင် တစ်ဦးဆီကို ညွှန်ကြားစာတွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

လုပ်ငန်းရှင်တွေကို စည်းကမ်းထိန်းသိမ်း ကြပ်မတ်တာလောက်တင်မဟုတ်ဘဲ အရင်အစိုးရ အဆက်ဆက် ဖြစ်ပေါ်ခဲ့တဲ့ အဂတိလိုက်စားမှုမျိုးကို ကာကွယ် တိုက်ဖျက်နိုင်မှသာ အောင်မြင်မှု ရနိုင်မှာဖြစ်ပြီး စီးပွားရေးလောကထဲ ဂယက်ရိုက်ခတ်မှုကနေလည်း သက်သာရာရမှာ ဖြစ်ပါကြောင်း

စိစစ်ရေးအဖွဲ့တွေဟာ အရင် အစိုးရက ပြဋ္ဌာန်းထားတဲ့ စည်းကမ်းချက်တွေမှာ ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့ လျော်ညီမယ့် စည်းကမ်းတချို့ ထပ်မံ ဖြည့်စွက်ပြီး စိစစ်ခဲ့တယ်လို့ သိရပါတယ်။ အဲလို စိစစ်ရရှိချက်တွေအရ အဆောက်အအုံ ၆၄ လုံးမှာ အများစုဟာ လုပ်ငန်းကို ပုံမှန်အတိုင်း ဆက်လုပ်နိုင်ကြပြီး အထပ်မြင့် ၁၂ လုံးကတော့ ပြုပြင် တည်ဆောက်ဖို့ ညွှန်ကြားခံရတာ ဖြစ်ပါတယ်။

ညွှန်ကြားချက်တွေအရ အဆောက်အအုံ အားလုံးလိုလိုလောက် ဆောက်လုပ်ဖို့ ရည်မှန်းထားတဲ့ အထပ်အရေအတွက် လျှော့ချခံကြရပါတယ်။ တချို့ အထပ်မြင့်တွေဆို အများဆုံး ခုနစ်ထပ်အထိ လျှော့ချတာ ခံရပါတယ်။

အကြောင်းရင်းတွေကတော့ ရန်ကုန်မြို့မှာ ခွဲခြားထားတဲ့ ဇုန်ဧရိယာအလိုက် ဆောက်လုပ်ခွင့်ပြုတဲ့ အထပ် အရေအတွက်ထက် ပိုပြီး ဆောက်ထားတာ၊ အထပ်မှာ ပါဝင်တဲ့ အခန်းအရေအတွက်ထက် လျော့နည်းတဲ့ ကားပါကင်ကိုပဲ တည်ဆောက်ထားတာ၊ လမ်းအကျယ်နဲ့ အဆောက်အအုံ အထပ်အမြင့် အချိုးအစား မကိုက်ညီတာ စတဲ့အချက်တွေကြောင့်ပါပဲ။

ဒီလို လုပ်ကိုင်လိုက်ခြင်းအားဖြင့် ရန်ကုန်မြို့ပြ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကောင်းမွန်လာပေမဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကတော့ အရှုံးပေါ်တယ်ဆိုပြီး အသံတွေ ထွက်လာတာ ဖြစ်ပါတယ်။ ဥပမာ အလုံမြို့နယ် သစ်တောလမ်းက ၂၇ ထပ် အဆောက်အအုံကို အထပ် ၂၀ အဖြစ် လျှော့ချသတ်မှတ်တာ ခံရတော့ နဂို ၂၇ ထပ်မှာ ထွက်လာမယ့် အခန်းအရေအတွက်နဲ့ ချိန်ညှိပြီး မြေရှင်နဲ့ ကန်ထရိုက် သဘောတူထားကြတာတွေ၊ ခန့်မှန်းဈေးနှုန်း သတ်မှတ်ပြီး ကြိုတင် ရောင်းချထားကြတာတွေမှာ ပြဿ     နာတွေပေါ်နိုင်၊ အရှုံးတွေ ပေါ်နိုင်လို့ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် အဆောက်အအုံတွေကို စစ်ဆေးခဲ့သူတွေက သူတို့အနေနဲ့ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲနဲ့ ပြဿ     နာကို သိရှိကြတဲ့အကြောင်း၊ ဒါကြောင့် တတ်နိုင်သမျှ အဆင်ပြေအောင် စဉ်းစားပေးတာမျိုးလည်း လုပ်ခဲ့ကြောင်း၊ အခုကတော့ ရန်ကုန်မြို့က ၇ သန်းကျော်သော ပြည်သူတွေအတွက်၊ နိုင်ငံရဲ့ ပြယုဂ်ဖြစ်တဲ့ စိမ်းလန်းစိုပြည်ပြီး မြို့ပြအင်္ဂါနဲ့အညီ စနစ်တကျ ဖွံ့ဖြိုးတိုးတက်တဲ့ ရန်ကုန်မြို့တော် ဖြစ်စေရေးဘက်ကို အလေးပေး ဆောင်ရွက်ခဲ့ကြောင်း ရှင်းပြကြပါတယ်။

တကယ်တော့ အရင်အစိုးရ အဆက်ဆက် လက်ထက်တုန်းက ဆောက်လုပ်ရေးလုပ်ငန်း လောကဟာ အဂတိလိုက်စားမှု အကြီးကျယ်ဆုံး နယ်ပယ်ထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ အာဏာပိုင်တွေဟာ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ လုပ်ရကိုင်ရ ခက်ခဲစေမယ့် စည်းမျဉ်းစည်းကမ်းတွေ ချထားခဲ့သလို ဗျူရိုကရေစီ ယန္တရား အရလည်း အဟန့်အတားတွေ ဖြစ်အောင် ဖန်တီးခဲ့ကြပါတယ်။

ဒီအခါ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ဖို့ တခြားရွေးချယ်စရာ မရှိတဲ့ လုပ်ငန်းရှင်တွေဟာ စည်ပင်နဲ့ တိုင်းအစိုးရကို လာဘ်ငွေပေးပြီး လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ရတဲ့ အနေအထားကို ရောက်သွားခဲ့ပါတယ်။ ခွင့်ပြုချက် တင်ထားပြီး ချမပေးခင် အဆောက်အအုံ ဆောက်တာ၊ နောက်မှ လာဘ်ပေး၊ ဒဏ်ငွေဆောင်တာ၊ ခွင့်ပြုချက် တင်ထားစဉ်မှာ တစ်မျိုး၊ လက်တွေ့မြေပြင်မှာ တစ်ပုံစံ ဆောက်တာ၊ နောက်တော့ လာဘ်ပေး၊ ဒဏ်ငွေဆောင်ပြီး လုပ်ငန်းပြီးဆုံးစေတာ စတဲ့နည်းတွေနဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲလို လုပ်ကိုင်ခဲ့ကြလို့လည်း ရန်ကုန်က အဆောက်အအုံတွေဟာ မြို့ပြအင်္ဂါနဲ့ မလျော်ညီတဲ့ ပြဿ     နာ အများကြီး ပေါ်ပေါက်နေရတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ အစိုးရဟာ ရန်ကုန်မြို့ပြ စနစ်တကျ စိမ်းလန်းစိုပြည် ဖွံ့ဖြိုးတိုးတက်လာစေဖို့ လုပ်ကိုင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီလို လုပ်ကိုင်ဆောင်ရွက်ရာမှာ လုပ်ငန်းရှင်တွေကို စည်းကမ်းထိန်းသိမ်း ကြပ်မတ်တာလောက်တင်မဟုတ်ဘဲ အရင်အစိုးရ အဆက်ဆက် ဖြစ်ပေါ်ခဲ့တဲ့ အဂတိလိုက်စားမှုမျိုးကို ကာကွယ် တိုက်ဖျက်နိုင်မှသာ အောင်မြင်မှု ရနိုင်မှာဖြစ်ပြီး စီးပွားရေးလောကထဲ ဂယက်ရိုက်ခတ်မှုကနေလည်း သက်သာရာရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

စည်သူအောင်မြင့်

စည်သူအောင်မြင့်သည် ၁၉၉၇ တွင် သတင်းထောက်တစ်ဦး ဖြစ်လာသည်။ Living Colour စီးပွားရေးမဂ္ဂဇင်း နှင့် အခြားစာစောင်အများအပြား၌ ရေးသားခဲ့သည်။ ၂၀၁၃ မတိုင်မီက ပြည်ပ မီဒီယာများအတွက် သတင်းများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များ ပေးပို့ဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် မီဒီယာ များ၌ အလွတ်တန်း ပင်တိုင်ဆောင်းပါးရှင်အဖြစ် ရေးသားပေးပို့လျက်ရှိသည်။

Share on facebook
Share on twitter
Share on email

More stories

ရန်ကုန်ရှိ လူနေထူထပ်သော ရပ်ကွက်များတွင် COVID-19 ကူးစက်နိုင်ခြေများနေခြင်းက ရန်ကုန်မြို့အုပ်ချုပ်ရေးအဖွဲ့ရှိ ကာလရှည်ကြာပြီဖြစ်သော ပြဿနာများကို အရေးတကြီးပြင်ဆင်တည့်မတ်ရန် လိုအပ်နေကြောင်း မီးမောင်းထိုးပြနေသည်။

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar