လာမည့် အစိုးရသစ် လက်ထက်တွင် အစိုးရသစ်၏ တောင်းဆိုမှုအရ အထောက်အပံ့နှင့် ချေးငွေ အမေရိကန် ဒေါ်လာ ၈၈၅ သန်း ပေးအပ်သွားရန် ဂျပန်အစိုးရက ပြင်ဆင်နေကြောင်း ဂျပန်တိုင်း(မ်)သတင်းစာက ရေးသားထားသည်။
တရားဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အပံ့ပေးရေး အစီအစဉ် အသေးစိတ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက ဧပြီလတွင် အာဏာရယူပြီးနောက် မကြာမီ ယခုနှစ်လယ်ခန့်တွင် ရေးဆွဲသွားနိုင်ရန် ဂျပန်အစိုးရက မေ ျှာ်လင့်ထားသည်ဟု အစိုးရ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး မတ် ၇ ရက်နေ့တွင် အဆိုပါ သတင်းစာက ရေးသားထားသည်။
အဆိုပါ အထောက်အပံ့များဖြင့် ရန်ကုန်ပတ်ဝန်းကျင်ဒေသများတွင် လ ျှပ်စစ်ဓာတ်အားပေးရေးနှင့် လမ်းပန်းဆက်သွယ်ရေး တိုးတက်လာစေရေး ဆောင်ရွက်ရန် မေ ျှာ်လင့်ထားသည်ဟု ဂျပန်တိုင်း(မ်)က ရေးသားထားသည်။
ကမ္ဘာပေါ်တွင် ဂျပန်နိုင်ငံသည် နိုင်ငံရပ်ခြား တိုင်းပြည်များသို့ ကူညီထောက်ပံ့ရန် ဘတ်ဂျက်ကို အများဆုံး သတ်မှတ်ထားသည့် နိုင်ငံ ဖြစ်သည်။ အဆိုပါ ဘတ်ဂျက်၏ ထက်ဝက်ခန့်ကို အရှေ့တောင်အာရှ နိုင်ငံများအတွက် အသုံးပြုနေသည်။ ထို့ပြင် မြန်မာနိုင်ငံသို့ အများဆုံး လှူဒါန်းထောက်ပံ့နေသည့် တိုင်းပြည်လည်း ဖြစ်သည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီသည် ရန်ကုန်မြို့ပြ တိုးချဲ့ရေးနှင့် ပို့ဆောင်ရေး စီမံကိန်း ရေးဆွဲမှုများတွင် ပါဝင် ဆောင်ရွက်နေသည်။ ထို့ပြင် သီလဝါအထူး စီးပွားရေးဇုန်စီမံကိန်းတွင် အခြား ဂျပန်ကုမ္ဗဏီများနှင့်အတူ ပါဝင်ဆောင်ရွက်နေသည်။
၂၀၁၃ ခုနှစ်တွင် ဂျပန်က မြန်မာနိုင်ငံသို့ ဒေါ်လာ ၆၈၁ သန်း ကူညီပေးခဲ့ပြီး ဆက်သွယ်ရေး၊ ရေရရှိရေး၊ အခြေခံအဆောက်အဦးများနှင့် ကျန်းမာရေး စီမံကိန်းများ ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် ကြွေးမြီ ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကိုလည်း ဖြေလျော့ပေးခဲ့သည့်ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။
သတင်း- ရှောင်ဂလေစင်