အမုန်းတရား ဖြန့်ဖြူးရေးဖြစ်တဲ့ အဲဒီ ကြောက်စရာကောင်းလှတဲ့ ဗီဒီယို ဇာတ်လမ်းတို ဖြန့်ချိမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေ အနေနဲ့ အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်တာ မတွေ့ရပါဘူး။
စည်သူအောင်မြင့် ရေးသားသည်။
အခုဆိုရင် အတိုက်အခံ အင်န်အယ်လ်ဒီ အမတ်တွေ ကြီးစိုးတဲ့ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေ အောင်အောင်မြင်မြင် စ တင်နိုင်ပါပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်တာ၊ အသစ်ရေးဆွဲတာလို ကိစ္စမျိုးကလွဲရင် ဥပဒေအားလုံးကို ရေးဆွဲ၊ ပြဋ္ဌာန်း အတည်ပြုနိုင်တဲ့ အနေအထား ရောက်သွားပါပြီ။
သိပ်မကြာခင် အစိုးရတစ်ရပ်လည်း ဖွဲ့နိုင်ပါတော့မယ်။ ခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီ ဥပဒေပြုခွင့်၊ အုပ်ချုပ်ခွင့် အာဏာတွေ ရလာပြီဆိုရင် ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီတွေ ကိစ္စ ဘယ်လို ဖြေရှင်းပေးမလဲ၊ လူနည်းစု အစ္စလာမ် ဘာသာဝင်တွေ အရေး ဘယ်လို ကိုင်တွယ်ပေးမလဲ ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။
အထူးသဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီအချက်ကို သိလိုကြတာပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းက အလေးထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒီ ပြဿ နာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘယ်လောက်ထိ ကိုင်တွယ် ဖြေရှင်းပေးနိုင်မလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီ လုပ်နေကိုင်နေပုံတွေကို ကြည့်ရင် အသွင်ကူးပြောင်းရေးကို သတိကြီးကြီးထားပြီး စိတ်ရှည်ရှည်နဲ့ အကောင်အထည် ဖော်နေတာ တွေ့နိုင်ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေ၊ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွေကို အရင် ၂၀၁၁ တုန်းကလို တစ်ပြိုင်နက်တည်း မကျင်းပဘဲ တစ်ခုပြီးမှ တစ်ခု စတင် ကျင်းပပါတယ်။ ပြည်နယ်နဲ့ တိုင်း လွှတ်တော် အစည်းအဝေးတွေကိုလည်း နောက်ဆုတ်ပြီးမှ ကျင်းပပါတယ်။
သမ္မတ၊ ဒုသမ္မတ ခန့်အပ်ရေး၊ အစိုးရဖွဲ့ရေးဟာ မတ်လကုန်အထိ အချိန်ရတာကြောင့် အဲဒီအချိန်တွင်းမှာပဲ လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။ ဒီကြားထဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံကောင်း တွေ့ဆုံနိုင်ပါသေးတယ်။
လူ့အခွင့်အရေး ပြဿ နာတွေ ကိုင်တွယ်နိုင်ရေး ကိစ္စအတွက် ပထမ ဦးဆုံး စိန်ခေါ်မှုကတော့ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း နောက်ဆုံးကာလများမှာ ပေါ်ပေါက်ခဲ့ပါတယ်။
ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမ ဦးစားပေးဟာ လွှတ်တော်ပေါ်ပေါက်ရေး၊ အစိုးရအဖွဲ့သစ် ပေါ်ပေါက်ရေး၊ အဲဒီ အဖွဲ့အစည်းတွေ ကောင်းကောင်းမွန်မွန် တည်တည်ငြိမ်ငြိမ် လည်ပတ်နိုင်ရေးပါ။
ဒုတိယ ဦးစားပေးကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ တာဝန် ရယူနိုင်ရေး ကြိုးစားဖို့ ဖြစ်ဖွယ်ရှိပါတယ်။ လွှတ်တော်၊ အစိုးရအာဏာ ခိုင်မြဲပါမှ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လူနည်းစုအခွင့်အရေး စ ပြီး ကိုင်တွယ်မယ့်ပုံ ရှိပါတယ်။ သိမ်မွေ့တဲ့ အဲဒီ ပြဿ နာတွေကို အလောတကြီး ကိုင်တွယ်မယ့် အနေအထား မတွေ့ရပါဘူး။
လူ့အခွင့်အရေး ပြဿ နာတွေ ကိုင်တွယ်နိုင်ရေး ကိစ္စအတွက် ပထမ ဦးဆုံး စိန်ခေါ်မှုကတော့ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း နောက်ဆုံးကာလများမှာ ပေါ်ပေါက်ခဲ့ပါတယ်။
အဲဒါကတော့ သမ္မတ ဦးသိန်းစိန်ကနေ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန လဝက ကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက် ပြောင်းရွှေ့လိုကြောင်း အကြောင်းကြားလာတာပါ။ ဒါပေမဲ့ လွှတ်တော်ကတော့ အဲဒီ အချက်ကို နောင် တက်လာမယ့် အစိုးရသစ် လက်ထက်ကျမှ ဆွေးနွေးဖို့ ဆိုပြီး ဆိုင်းငံ့ထားလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံရမှု ပြဿ နာတွေထဲမှာ ဘင်္ဂါလီတွေကို ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်အောင် လုပ်မပေးတဲ့ ကိစ္စလည်း ပါဝင်ပါတယ်။ နိုင်ငံသားမဖြစ်၊ နိုင်ငံသား အဆင့်အတန်း တစ်ခုခုနဲ့ ဆိုင်တဲ့ အထောက်အထား မှတ်ပုံတင် ကိုင်ဆောင်ခွင့် မရှိတဲ့အတွက် သူတို့နေထိုင်ရာ နေရာကနေ ရခိုင်ပြည်နယ်တွင်း ဘယ်နေရာကိုမှ လွတ်လွတ်လပ်လပ် သွားလို့ မရပါဘူး။ မြန်မာပြည်မကြီးဘက်ကိုလည်း သွားလို့ မရသလို၊ နိုင်ငံခြားထွက်သွားဖို့လည်း မဖြစ်နိုင်ပါဘူး။ လူငယ်တွေအတွက်လည်း တက္ကသိုလ်အဆင့် ပညာသင်ကြားဖို့ ခက်ခဲစေပါတယ်။
တကယ်လို့ အင်န်အယ်လ်ဒီ အစိုးရ အဖွဲ့သစ် တက်လာပြီး ဘဂါၤလီတွေကို ဥပဒေနဲ့အညီ စနစ်တကျ စိစစ်နိုင်ရင် နိုင်ငံသား အဆင့်အတန်း တစ်ခုခု ရနိုင်ပါတယ်။ အဲလိုဆိုရင် နိုင်ငံသား အဆင့်အတန်း တစ်ခုခု အသိအမှတ်ပြု ကတ်ပြား ကိုင်ဆောင်မထားနိုင်လို့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ လျော့နည်းသွားနိုင်ပါတယ်။
ဒါပေမယ့် လဝက ဝန်ကြီးဌာနသာ တပ်မတော်က ဦးဆောင်ကွပ်ကဲတဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက် ရောက်သွားရင်တော့ ဒီပြဿ နာ ဖြေရှင်းပေးနိုင်ရေး မလွယ်ကူတော့ပါဘူး။ အခုကိုပဲ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လဝက ဝန်ကြီးဌာနကို တပ်မတော်စစ်ဗိုလ်ချုပ်တစ်ယောက် တာဝန်ယူတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ထားတာဟာ သူတို့ ရခိုင်ပြည်နယ် အတွက် ပိုကောင်းတဲ့ အကြောင်း ပြောဆိုနေပါပြီ။
နောက်ထပ် ပြဿ နာ တစ်ခုကတော့ အစွန်းရောက်တွေရဲ့ ပြဿ နာပါ။ ဗုဒ္ဓဘာသာ အစွန်းရောက် ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ ဦးဝီရသူဟာ သိပ်မကြာသေးခင်တုန်းကပဲ “အမည်းရောင်နေ့စွဲများ” လို့ နာမည်ပေးထားတဲ့ ဗီဒီယို ဖိုင်တစ်ခု သူ့ရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာက တဆင့် ဖြန့်ချိခဲ့ပါတယ်။
၆ မိနစ်စာရှိတဲ့ အဲဒီ ဗီဒီယိုမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်အမျိုးသမီးငယ် မသီတာထွေး အဓမ္မပြုကျင့် သတ်ဖြတ်မှုခံရမှုကို အခြေခံရိုက်ကူးထားတဲ့ ဗီဒီယို ဇာတ်ကားရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ဗီဒီယိုအတိုမှာ မသီတာထွေးဟာ အစ္စလာမ် ဘာသာဝင်တွေရဲ့ မုဒိန်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်တာခံခဲ့ရတယ် ဆိုတာကို သရုပ်ဆောင်တွေနဲ့ ကွက်ကွက်ကွင်းကွင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အမုန်းတရား ဖြန့်ဖြူးရေးဖြစ်တဲ့ အဲဒီ ကြောက်စရာကောင်းလှတဲ့ ဗီဒီယို ဇာတ်လမ်းတို ဖြန့်ချိမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေ အနေနဲ့ အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်တာ မတွေ့ရပါဘူး။
ဗီဒီယိုဖိုင် ဖြန့်ဖြူးသူ ဦးဝီရသူကတော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ဖို့ လိုတယ်ဆိုတာ အင်န်အယ်ဒီကို ပြချင်တယ် လို့ ပြောပါတယ်။ ဦးဝီရသူနဲ့ မဘသ အဖွဲ့ဟာ အရင် အစိုးရလက်ထက်က အတည်ပြုထားပြီဖြစ်တဲ့ မျိုးစောင့်ဥပဒေ ၄ ခုကို ပြင်ဆင်တာ၊ ပယ်ဖျက်တာ လုပ်မယ် ဆိုရင် သူတို့အနေနဲ့ ဆန့်ကျင်သွားမယ် ဆိုပြီးတော့လည်း ခြိမ်းခြောက်ထားပါတယ်။
အားလုံးကို ခြုံငုံသုံးသပ်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ လွှတ်တော်နဲ့ အစိုးရအဖွဲ့ဟာ ဘင်္ဂါလီတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကိစ္စ၊ အစ္စလာမ် လူနည်းစုတွေ ခွဲခြား ဆက်ဆံခံနေရတဲ့ ကိစ္စ စတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿ နာတွေကို မြန်မြန်ဆန်ဆန်ကြီး ကိုင်တွယ်လိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။
လွှတ်တော်နဲ့ အစိုးရအဖွဲ့ အခြေခိုင်တဲ့ အချိန်ကျမှသာ ကိုင်တွယ်လိမ့်မှာဖြစ်ပြီး အခက်အခဲနဲ့ စိန်ခေါ်မှုပေါင်းများစွာကလည်း စောင့်မျှော်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။