ဒီတစ်ပတ်မှာတော့ စစ်တပ်ကအာဏာသိမ်းအပြီး အမြတ်အစွန်းများစွာရတဲ့ မြန်မာ့ရေနံထုတ်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ ဆန္ဒပြပွဲတွေမှာပါဝင်ဖို့အတွက် သူတို့ရဲ့ လုပ်ငန်းခွင်တွေကို စွန့်ခွာခဲ့ကြပါတယ်။ သူတို့ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDMမှာ ပါဝင်ခဲ့ကြရင်း ငွေကြေးကျပ်တည်းလာကြပေမဲ့ အလုပ်ပြန်ဝင်ဖို့ ငြင်းဆန်နေကြဆဲပါ။ ဒါဟာ ထိရောက်တဲ့ တော်လှန်ရေးတိုက်ကွက်တစ်ခု ဖြစ်လာနိုင်မလား။ ဒီဆောင်းပါးအပြည့်အစုံကိုနားဆင်နိုင်ပါပြီ။
ဒို့အသံအစီအစဉ်ဟာ မြန်မာနိုင်ငံတဝန်းက လူ့အခွင့်အရေးနဲ့အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ အပတ်စဉ်ပေါ့ဒ်ကတ်အစီအစဉ် ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဖရွန်းတီးယားမြန်မာနဲ့ မြန်မာနဲ့နိုင်ငံတဝန်းက မိတ်ဖက်မီဒီယာတွေ ပူးပေါင်းတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးနဲ့ ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (SDC)က ပံ့ပိုးကူညီထားပြီး ဖရွန်းတီးယားမြန်မာနဲ့ ဖွန်ဒေးရှင်းဟီရွန်ဒဲလ်တို့က ပူးပေါင်းတင်ဆက်တာ ဖြစ်ပါတယ်။