ရန်ကုန်၊ မေ ၂၈
ရန်ကုန်တိုင်းဒေသကြီးအတွင်း လာမယ့်နှစ်မှာ လ ျှပ်စစ်မီး ပုံမှန်ရရှိနိုင်အောင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စတင်ဆောင်ရွက်နေပြီလို့ တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ယခုနှစ် နွေရာသီအတွင်း ရန်ကုန်မြို့မှာ လ ျှပ်စစ်မီးပြတ်တောက်မှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပေမယ့် အစိုးရဘက်က ဖြေရှင်းပြောကြားမှုတွေ မရှိသေးတဲ့အပေါ်မှာ ပြည်သူလူထုက ဝေဖန်မှုများ ပေါ်ထွက်နေတဲ့အချိန်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္စာမျိုးက ပြောကြားလိုက်တာဖြစ်ပါတယ်။
“ကျူးကျော်ပြဿနာဆိုတာ လူတိုင်းစိတ်ဝင်စားနေတဲ့ တစ်ခုပါ။ အခု လ ျှပ်စစ်မီးဆိုတာလည်း စိတ်ဝင်စားနေတဲ့ တစ်ခုပါ။ အခုလ ျှပ်စစ်မီးရဲ့ ပြဿနာတွေကိုလည်း ကျွန်မတို့ ရှာဖွေတွေ့ရှိထားပြီးပါပြီ။ ဘယ်လိုလုပ်ရမယ်ဆိုတာလည်း ကျွန်မတို့ စီစဉ်ထားပြီးပါပြီ” လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ယူထားသူလည်း ဖြစ်တဲ့ သူက ရန်ကုန်မြို့မှာ ဒီနေ့ပြုလုပ်တဲ့ မြန်မာအယ်ဒီတာဖိုရမ်ကို တက်ရောက်လာစဉ် ပြောကြားပါတယ်။
“ရန်ကုန်တိုင်းဒေသကြီးမှာ နောက်နှစ် နွေရာသီကို ဘယ်လိုလုပ်မလဲ။ ကျွန်မတို့အစိုးရသစ် တက်လာတဲ့အချိန်မှာ ပြည်သူလူထုက ဒီတစ်နှစ်စာအတွက်တော့ နားလည်ခွင့်လွှတ်လိမ့်မယ်လို့ ကျွန်မတို့ မေ ျှာ်လင့်ပေမယ့် နောက်နှစ်နွေရာသီအတွက်တော့ ပြည်သူလူထုက ကျွန်မတို့အပေါ်မှာ နားလည်ခွင့်လွှတ်ချင်မှ ခွင့်လွှတ်တော့မှာ။ ဒါဆိုရင် နောင်နှစ် နွေရာသီမတိုင်ခင် ရှစ်လလောက်အတွင်းမှာ ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ” လို့ သူကပြောပါတယ်။
“ကျွန်မတို့ နိုင်ငံတကာ ပညာရှင်တွေ အားလုံးနဲ့ တွေ့ပါတယ်။ တော်တော်များများနဲ့ တွေ့ပြီးသွားပါပြီ။ ပညာရှင်တွေရဲ့ အကြံပြုချက်တွေအရဆိုရင် အယ်လ်အင်န်ဂျီဆိုတဲ့ဓာတ်ငွေ့ရည်တွေကို သယ်လာရပါမယ်။ ဒီအယ်လ်အင်န်ဂျီနဲ့ ဓာတ်အားပေးစက်တွေကို ၁၀၀ မက်ဂါဝပ်၊ ၅၀ မက်ဂါဝပ်လောက် စတင်ပြီး ဆောက်ရမှာဖြစ်ပါတယ်” လို့ သူကပြောပါတယ်။
ဒီလိုဆောက်လုပ်နိုင်ဖို့အတွက် အမှန်တကယ် တည်ဆောက် ထုတ်လုပ်နိုင်မယ့်၊ ရှစ်လအတွင်း ငွေကြေးစိုက်ထုတ်ကာ အယ်လ်အင်န်ဂျီ ထုတ်လုပ်ခြင်းမှာ လ ျှပ်စစ်ဓာတ်အား ထုတ်လုပ်သည်အထိ အစအဆုံး အပြီးအစီး ဆောင်ရွက်နိုင်တဲ့ နိုင်ငံတကာကုမ္ဗကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးထားပြီးဖြစ်လို့ မကြာခင်မှာ စာချုပ်ချုပ်ဆိုကာ ဆောင်ရွက်သွားဖို့ ရှိတယ်လို့သူကပြောပါတယ်။
နောင်နှစ်နွေရာသီမှာ လိုအပ်မယ့် လ ျှပ်စစ်ဓာတ်အား လိုအပ်ချက်အပြင် နှစ်စဉ်တိုးလာမယ့် လိုအပ်ချက်ကိုပါ ပြည့်မီအောင် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးအတွက် လ ျှပ်စစ်ဓာတ်အား မီဂါဝပ် ၁,၂၀၀ ခန့် လိုအပ်ပေမယ့် တပ်ဆင်ထားတဲ့ လ ျှပ်စစ်တာဘိုင်တွေရဲ့ ထုတ်လုပ်နိုင်စွမ်းက ၉၉၀ မိဝါဝပ်ခန့်သာရှိတယ်လို့ သူကပြောပါတယ်။ ဒါပေမယ့် စက်အများစုက ဟောင်းနွမ်း ချို့ယွင်းနေတာကြောင့် စုစုပေါင်းထွက်ရှိမှုက ၄၂၀ မီဂါဝပ်လောက်ပဲ ရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် လ ျှပ်စစ်ဓာတ်အား ထုတ်လုပ်နေပေးတဲ့ ပုဂ္ဂလိက ကုမ္ဗဏီတွေရဲ့ အားနည်းချက်တွေ၊ လ ျှပ်စစ်ဓာတ်အားဌာနရဲ့ အားနည်းချက် လိုအပ်ချက်တွေကိုလည်း ပြန်လည် စိစစ်သွားမယ်လို့ ဆိုပါတယ်။ သွယ်တန်းထားတဲ့ မြေအောက်ကြိုးတွေက သက်တမ်းကြာမြင့်နေပြီဖြစ်လို့ မြေအောက်ကြိုးပေါက်မှု မကြာခဏဖြစ်ပွားနေတာတွေ ရှိသလို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တပ်ဆင်ထားတဲ့ ထရန်စဖော်မာတွေကိုလည်း ပြန်လည်စိစစ်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိ တပ်ဆင်ထားတဲ့ သဘာဝဓာတ်ငွေ့တာဘိုင်တွေကို ပြန်လည်ပြင်ဆင်ခြင်းနဲ့ အစားထိုးခြင်းတွေ ဆောင်ရွက်မှာဖြစ်ပေမယ့် နှစ်စဉ်ထပ်တိုးလာမယ့် လ ျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရှိရင်းစွဲတာဘိုင်များနဲ့ လုံလောက်မှုမရှိတော့သလို ရန်ကုန်တိုင်းဒေသကြီးအတွက် လက်ရှိရရှိနေတဲ့ ဓာတ်ငွေ့ခွဲတမ်းမှာလည်း လုံလောက်မှုမရှိတော့တာကြောင့် အယ်လ်အင်န်ဂျီနဲ့ လည်ပတ်မယ့် ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ စဉ်းစားရတာဖြစ်တယ်လို့ ဆိုပါတယ်။
သတင်း-ဆန်းဦး