တရုတ်နိုင်ငံတွင် နေထိုင်အလုပ်ကိုင်နေကြသည့် မြန်မာလူမျိုးများအတွက် မြန်မာဘာသာဖြင့် သတင်းစာတစ်စောင်ကို တရုတ်နိုင်ငံ ယူနန်ဒေသတွင် ဒီဇင်ဘာ ၄ ရက်နေ့က စတင်ထုတ်ဝေနေသည်ဟု ဆင်ဟွာသတင်းဌာနက ရေးသားထားသည်။
ပေါက်ဖော်ဟု အမည်ပေးထားသည့် အဆိုပါသတင်းစာသည် တရုတ်နိုင်ငံတွင် မြန်မာဘာသာဖြင့် ပထမဆုံး ထုတ်ဝေသည့် သတင်းစာဖြစ်သည်။ ထိုသတင်းစာကို တရုတ်နိုင်ငံ အနောက်တောင်ဘက်ဒေသဖြစ်သည့် ယူနန်ဒေသတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာများအတွက် ရည်ရွယ်ထားသည်။
Dehong Dai နှင့် Jinpo အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Tuanjie သတင်းစာက ပိုင်ဆိုင်သော အဆိုပါ ပေါက်ဖော်သတင်းစာကို အခမဲ့ဖြန့်ချိမည်ဖြစ်သည်။
Dehong ဒေသတွင် မြန်မာလူမျိုး ၅၀၀၀၀ ကျော် နေထိုင်နေကြသည်ဟု ဆင်ဟွာက ရေးသားထားသည်။