လုပ်ငန်းခွင်မှာ တန်းတူဆက်ဆံခံရဖို့အတွက် ရေဆန်လေထန်မှာ အပြင်းအထန်တိုက်ပွဲဝင်နေရတဲ့ မသန်စွမ်းအလုပ်သားတွေဟာ ကိုဗစ်နိုင်တင်းစီးပွားရေးသက်ရောက်မှုတွေရဲ့ရိုက်ခတ်မှုကိုလည်းခံနေရပါတယ်။ ဒီတစ်ပတ်မှာတော့ အလုပ်ဖြုတ်ခံလိုက်ရပေမဲ့ ဘဝအိပ်မက်ကိုလက်မလျှာ့လိုက်တဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍက မသန်စွမ်းအလုပ်သမားတစ်ယောက်ရဲ့ဘဝနေထိုင်မှုပုံစံကိုရိုက်ကူး ထားပါတယ်။
ဒီရုပ်သံမှတ်တမ်းကို မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးနဲ့ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနဲ့ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ (SDC)တို့ရဲ့ကူညီပံ့ပိုးမှုနဲ့ Frontier Myanmar နဲ့ Fondation Hirondelle တို့ကပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်။