ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ဂျပန်ဘီယာချက်လုပ်ငန်းဖြစ်သည့် Kirin က မြန်မာနိုင်ငံမှ Mandalay Brewery အား အမေရိကန်ဒေါ်လာ သန်းကဏန်းပေးကာ ဝယ်ယူတော့မည်ဖြစ်သည်။ အာရှနှင့် သမုဒ္ဒရာဒေသတွင် ဈေးကွက်ရရှိမှု ပိုမိုအားကောင်းလာစေရန် ချဲ့ထွင်နေသည့် Kirin ၏ နောက်ဆုံး လုပ်ဆောင်ချက်လည်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ရှေးအကျဆုံးသော မန္တလေးဘီယာချက်လုပ်ငန်းကို လွှဲပြောင်း ရယူသွားရန်အတွက် Kirin က ပြည်တွင်းလုပ်ငန်းခွဲတစ်ခုကို တည်ထောင်မည်ဖြစ်သည်ဟု Nikkei စီးပွားရေးနေ့စဉ်သတင်းစာက စနေနေ့က ရေးသားထားသည်။
မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးမြို့တွင် အခြေစိုက်သည့် Mandalay Brewery ကို တပ်မတော်က ပိုင်ဆိုင်သည့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းထံမှ လွှဲပြောင်းရယူမည်ဖြစ်သည်။
ဝယ်ယူရန် သဘောတူညီချက်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က မကြာမီတွင် ခွင့်ပြုပေးမည်ဟု မေ ျှာ်လင့်ထားကြောင်း သတင်းစာက ရေးသားထားသည်။ ယခုစီစဉ်ထားသည့် ဝယ်ယူမှုအရ မြန်မာနိုင်ငံ၏ ဦးဆောင်ဘီယာဖြစ်သည့် Myanmar Brewery ကို ၂၀၁၅ ခုနှစ်က ဝယ်ယူခဲ့သည့် Kirin သည် မြန်မာနိုင်ငံ ဘီယာဈေးကွက်၏ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်လာနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဈေးကွက်တွင် Kirin သည် နယ်သာလန်မှ Heineken နှင့် ဒိန်းမတ်မှ Carlsberg တို့လည်း ယှဉ်ပြိုင်နေရသည်။
သတင်း-အေအက်ဖ်ပီ