ဖမ်းဆီးရမိ စိတ်ကြွဆေးများမှာ မြန်မာကဟု ဘင်္ဂလားဒေရှ့် ရဲတပ်ဖွဲ့ပြောကြား

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ဘင်္ဂလားဒေရှ့်တွင် စံချိန်တင် ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြား (methamphetamine) များမှာ မြန်မာပြည်မှ ထုတ်လုပ်ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေရှ့် အာဏာပိုင်များက ယူဆနေကြကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။

ဇန်နဝါရီ ၁၈ ရက်နေ့က ဒါကာနှင့် စစ်တကောင်းရှိ ဘူတာရုံများကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်း တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ၂ ဒသမ ၈ သန်းကို ဖမ်းဆီးရမိခဲ့သည်။

“ဒါဟာ ဘင်္ဂလားဒေရှ့်မှာ အများဆုံး ဖမ်းဆီးရမိမှု ဖြစ်ပါတယ်” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှုးရမ်မန်မာမတ်က ပြောသည်။

မသင်္ကာသူများကိုလည်း ဖမ်းဆီးမိထားပြီး ထိုမူးယစ်ဆေးများမှာ မြန်မာပြည်တွင် ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

လူဦးရေ သန်း ၁၆၀ ရှိသော ဘင်္ဂလားဒေရှ့်နိုင်ငံ၏ လူငယ်များကြားတွင် စိတ်ကြွဆေးသုံးဆွဲမှု တိုးပွားလာသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

ပြီးခဲ့သည့်လများက ရေလမ်းနှင့် ကုန်းလမ်းမှ တင်သွင်းလာသည့် ယာဘဆေးပြား ထောင်ပေါင်းများစွာကိုလည်း မြန်မာနိုင်ငံနှင့် နယ်နိမိတ် ဆက်စပ်နေသည့် တာနက်ဖ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သေးသည်။

“မူးယစ်ဆေးဂိုဏ်းတွေက ဘင်္ဂလားဒေရှ့်မှာ ရာဘကို မိတ်ဆက်ခဲ့ပြီးနောက် မြန်မာနဲ့ တာနက်ဖ်နယ်စပ်က ဆေးတွေ မှောင်ခိုတင်သွင်းဖို့ အဓိက လမ်းကြောင်းဖြစ်ခဲ့တယ်။ ဒါပေမယ့် အခုတော့ ကုန်းလမ်းမှာ အဖမ်းခံရတာတွေများလာတော့ ပင်လယ်ရေကြောင်းကို အဓိက သုံးပြီး တင်သွင်းလာကြတယ်” ဟု တာနက်ဖ်ရဲတပ်ဖွဲ့အကြီးအကဲ အတာရာမန်ခမ်က အေအက်ဖ်ပီကို ပြောကြားသည်။

သတင်း- Frontier သတင်းအဖွဲ့

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar