ပြီးခဲ့သည့် နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် တပ်မတော် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခြင်းများကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်နေ့များက ကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့သည်။
“ယခုကဲ့သို့တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းများကို လွန်ခဲ့သည့် နှစ် ၂၀ က နှစ်ကြိမ် ပြုလုပ်လေ့ကျင့်ခဲ့ကြောင်း၊ ယခုကဲ့သို့ လေ့ကျင့် ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ပြီး လေ့ကျင့်ခန်းများမှ ရရှိလာသည့် အတွေ့အကြုံများဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များ အားပေါင်းစပ် လေ့ကျင့်နိုင်ခဲ့ခြင်းဖြစ်ကြောင်း” ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြသည့် အရာရှိစစ်သည်များအား ဖေဖော်ဝါရီ ၃ ရက်နေ့က ပုသိပ်တပ်နယ်၌ တွေ့ဆုံပြောကြားခဲ့သည်။
0557071c-5258-4592-935e-12204aedd04c.jpeg
title=
တိုင်းပြည်ကာကွယ်ရေးဆိုသည်မှာ ချက်ချင်းဆောင်ရွက်၍မရဘဲ စနစ်တကျပြင်ဆင် ဖွဲ့စည်း လေ့ကျင့်ခြင်းများ ပြုလုပ်ခြင်းဖြင့်သာဆောင်ရွက်နိုင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
b16cbbb8-2662-43ff-8798-fab3b2b3bfb6.jpeg
title=
ဆင်ဖြူရှင်ဟူ အမည်ပေးထားသည့် အဆိုပါပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွင် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များ၏ စစ်လက်နက် လေ့ကျင့်ပစ်ခတ်မှုများ၊ စီးနင်းတိုက်ခိုက်မှုများအပြင် ကမ်းတက်စစ်ဆင်ရေးများ၊ ကယ်ဆယ်ရေးဆောင်ရွက်ခြင်း လေ့ကျင့်မှုများလည်း ပါဝင်ခဲ့သည်။