ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရခဲ့သည့် ပုဒ်မကို ပြည်ခိုင်ဖြိုး မပြင်လိုသေး

ဉာဏ်လှိုင်လင်း

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ အရည်အချင်း သတ်မှတ်ချက်ဆိုင်ရာ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးမူကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ဆက်လက် ကိုင်စွဲထားတယ်လို့ ဆိုပါတယ်။

“ဒါမျိုးတွေကတော့ မပြင်သင့်တဲ့ ဥပဒေလို့ ကျွန်တော်တို့အနေနဲ့ ယူဆပါတယ်”လို့ USDP ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးလှသိန်းက ပြောပါတယ်။

နေပြည်တော်ရှိ USDP ရုံးချုပ်မှာ မတ် ၁၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို ဖြေဆိုစဉ် ပုဒ်မ ၅၉(စ)ကို ဖတ်ပြပြီး သူက ပြောကြားလိုက်တာပါ။

“ကျန်တဲ့ နိုင်ငံသားအခွင့်အရေးတွေမှာတော့ ဘာတွေလုပ်သင့်သလဲ၊ ဘာတွေထပ်တိုးပေးသင့်သလဲ၊ အဲဒါမျိုးကျရင် နည်းနေတယ်ဆို ထပ်ပြီး တိုးပေးသင့်ပါတယ်”လို့ ဦးလှသိန်းက ဆက်ပြောပါတယ်။

USDP ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ၂၀၁၁-၁၅ ကာလ လက်ကျန်လပိုင်းအတွင်း ဒီပုဒ်မ ၅၉(စ)ကို ပြင်သင့်၊ မပြင်သင့် မဲခွဲရာမှလည်း မပြင်တဲ့ဖက်က အနိုင်ရခဲ့တာပါ။

ဒါကြောင့် ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအပြီး မဲ အပြတ်အသတ်အနိုင်ရခဲ့လို့ အာဏာ လွှဲပြောင်းရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်က အစိုးရဖွဲ့စည်းပေးတဲ့အခါ တစ်ပါးနိုင်ငံသား ခင်ပွန်းနဲ့ သားများရှိတဲ့ ပါတီဥက္ကဋ္ဌ ဒါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် တင်မြှောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့် NLD အများစု ဖြစ်လာတဲ့ ပြည်ထောင်စုလွှတ်တော်က သူ့သက်တမ်းအစ ၂၀၁၆ ခုနှစ်မှာပဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေအသစ်တစ်ခု ပြဋ္ဌာန်းပေးခဲ့ပြီး တိုင်းပြည် စီမံခန့်ခွဲရေးအာာဏာကို ဒေါ်အောင်ဆန်းစုကြည်ထံ အပ်နှင်းထားရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar