ဒေါင်းတို့မျိုးဆက် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ချခံရ

နော်ဘတ်တီဟန်

တပ်မတော်ကိုအကြည်အညိုပျက်စေရန် သံချပ်ထိုးသည်ဟု တရားစွဲခံထားရသောဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ဦးကို အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ကျခံစေရန် မရမ်းကုန်းမြို့နယ်တရားရုံးက ယနေ့အမိန့်ချခဲ့သည်။

သံချပ်အဖွဲ့ဝင်များဖြစ်သည့် ဇေယျာလွင်၊ ပိုင်ရဲသူ၊ ကေခိုင်ထွန်း၊ ပိုင်ဖြိုးမင်းနှင့် ဖိုးသား (ခေါ်) ဇော်လင်းထွန်းတို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားလိုပြုလုပ်၍ တရားစွဲခဲ့ခြင်းဖြစ်သည်။

အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅ (က) အတွက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အမိန့်ချမှတ်ရာတွင် ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့် ပြုလိုက် သဖြင့် ထောင်ဒဏ် ၆လခန့်သာ ကျခံရတော့မည် ဖြစ်သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၏ သင်္ကြန်သံချပ်ပါစာသားများသည် တပ်မတော်၏ ဂုဏ်ကျက်သရေကို ညှိုးနွမ်းစေသည်ဟူသော အကြောင်းပြချက်ဖြင့် တရားစွဲဆိုခဲ့ကြခြင်းဖြစ်သည်။

အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) အရ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်းပြုစေရန် အကြံစည်ဖြင့် ပြုမှုလုပ်ဆောင်မိပါက တရားစွဲဆိုနိုင်ပြီး အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်မည်ဖြစ်သည်။

သံချပ်အဖွဲ့ဝင်များသည် မရမ်းကုန်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ပုသိမ်နှင့်ဖျာပုံမြို့နယ်တရားရုံးများတွင်လည်း တရားစွဲဆိုခံထားရပြီးဆက်လက်တရားရင်ဆိုင်ကြရမည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar