ဒုက္ခသည်များကိစ္စဆွေးနွေးရန် ဘင်္ဂလားဒေရှ့်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်မည်

စက်တင်ဘာ ၂၇

ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များကိစ္စ ဆွေးနွေးရန်အတွက် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်မည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

အဆိုပါအဖွဲ့သည့် “လာမည့် ရက်သတ္တပတ်အစောပိုင်းတွင်” ရောက်ရှိမည်ဟု ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးအတွင်းဝန် Shahidul Haque က အေအက်ဖ်ပီကို ပြောကြားသည်။ ၎င်းတို့အနေဖြင့် ရိုဟင်ဂျာများအရေးအတွက် ဆောင်ရွက်သွားမည်ဟု ပြောကြားသော်လည်း အသေးစိတ်ကိုမူ ၎င်းက ထပ်မံပြောကြားခြင်းမရှိပေ။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ဘက်မှ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ဒုက္ခသည်များ အလုံးအရင်းဖြင့် ဝင်ရောက်နေသည့် ပြဿနာအတွက် ကြာရှည်ခံမည့် နည်းလမ်းများကို သံတမန်ရေးအရ အဖြေရှာရန် ကြိုးပမ်းနေသည့်အချိန်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဦးဆောင်လာဖွယ်ရှိသည်ဟု ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

သြဂုတ် ၂၅ ရက်နေ့က စတင်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ရိုဟင်ဂျာအများအပြား ထွက်ပြေးဝင်ရောက်နေရာ ကုလသမဂ္ဂ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ဝင်ရောက်လာသူအရေအတွက်မှာ ၄၈၀,၀၀၀ ရှိသွားပြီဖြစ်သည်။

အဆိုပါဒုက္ခသည်များကို မြန်မာနိုင်ငံက ပြန်ခေါ်ရန် ဘင်္ဂလားဒေရှ့်နိုင်ငံက တောင်းဆိုနေသော်လည်း မြန်မာအစိုးရကမူ အထောက်အထားများ စိစစ်ပြီးမှသာ ပြန်လည်လက်ခံမည်ဟု ပြောကြားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar