ဒီတစ်ပတ်မှာတော့ အာဏာသိမ်းစစ်တပ်က မိသားစုနဲ့ဆက်သွယ်ခွင့်မပေး၊ ရှေ့နေငှားခွင့်မပေးဘဲ ဖမ်းဆီးထိန်း သိမ်းခဲ့တဲ့ အသက်ငါးနှစ်အရွယ်ကလေးငယ်ရဲ့တုန်လှုပ်စရာဖြစ်ရပ်အကြောင်းကို ကြားရမှာဖြစ်ပါတယ်။ ဒို့အသံက ကလေးရဲ့ဖခင်နဲ့တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်လက်ထဲက မြန်မာနိုင်ငံရဲ့ ကလေးသူငယ်အခွင့်အရေးအခြေနေဘယ်လိုဖြစ်နေပြီလဲဆိုတာကို တင်ပြေပေးထားပါတယ်။
ဒို့အသံအစီအစဉ်ဟာမြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ဆောင်းပါးတွေကို တင်ဆက် ပေးနေတဲ့ အပတ်စဉ်ပေါ့ဒ်ကတ်အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဖရွန်းတီးယားမြန်မာနဲ့ နိုင်ငံတဝှမ်းက မိတ်ဖက်မီဒီယာတွေက တင်ဆက်ထားတာဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် သံရုံး နဲ့ ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (SDC)က ပံ့ပိုးကူညီထားပြီး ဖရန်တီးယား မြန်မာနဲ့ ဖွန်ဒေးရှင်းဟီရွန်ဒဲလ်တို့က ပူးပေါင်းတင်ဆက်တာ ဖြစ်ပါတယ်။