တရုတ်က မြန်မာနိုင်ငံတွင် သဘာဝဓါတ်ငွေ့ ရင်းမြစ်သစ်များ ရှာဖွေနေ

တရုတ်နိုင်ငံ၏ အကြီးမားဆုံးရေနံထုတ်လုပ်သူဖြစ်သည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း(CNPC) ၏ လက်အောက်ခံကုမ္ပဏီတစ်ခုက မြန်မာနှင့် တရုတ် ဆက်သွယ်ထားသည့် ပိုက်လိုင်းမှတစ်ဆင့် တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် သဘာဝဓါတ်ငွေ့ ရင်းမြစ်သစ်များကို ရှာဖွေလျက်ရှိသည်ဟု ချိုင်းနားဒေလီသတင်းစာက ရေးသားထားသည်။

မြန်မာနိုင်ငံရှိ ဒေဝူးအင်တာနေရှင်နယ်၏ ကမ်းလွန်လုပ်ကွက်များမှ သွယ်တန်းယူထားသော ပိုက်လိုင်းများတွင် ထပ်မံဖြည့်တင်းရန်အတွက် နောက်ထပ်သဘာဝဓာတ်ငွေ့များကို CNPC Southeast Asia Pipeline Co Ltd က ရှာဖွေနေသည်ဟု သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ ဒုတိယဥက္ကဋ္ဌ ချန်ရှန်းကျို့က ပြောကြားခဲ့ကြောင်း သတင်းစာက သောကြာနေ့တွင် ရေးသားထားသည်။

ယင်းကုမ္ပဏီသည် ၂၀၁၃ ခုနှစ်၊ နှစ်လယ်ကရရှိခဲ့သော နှစ် ၃၀ သဘောတူညီချက်အရ ဒေဝူးအင်တာနေရှင်နယ်၏ သဘာဝဓါတ်ငွေ့လုပ်ကွက်များမှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့များကို ပို့ဆောင်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နောက်ထပ် သဘာဝဓါတ်ငွေ့သိုက်များကို ကုမ္ပဏီက ရှာဖွေလျက်ရှိသည့်အပြင် ဒေဝူးအင်တာနေရှင်နယ်နှင့် အခြားသူများ လုပ်ဆောင်နေသည့် သဘာဝဓါတ်ငွေ့သိုက်အသစ်များနှင့် တိုးတက်မှုအပိုင်းတွင် ရင်ဘောင်တန်းနေပြီဖြစ်ကြောင်းလည်း  ချန်က ပြောကြားသည်။

ထို့ပြင် ပိုက်လိုင်းစတင်သည့် ရခိုင်ပြည်နယ်၊ မဒေးကျွန်းရှိ ရေနံဆိပ်ကမ်းတွင် သဘာဝဓါတ်ငွေ့ရည် (LNG) စခန်းတစ်ခု တည်ဆောက်ရန်လည်း ကုမ္ပဏီက စဉ်းစားလျက်ရှိသည်။

CNPC သည်  ၂၀၁၇ ခုနှစ်က၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် သဘာဝဓါတ်ငွေ့ သုံးဘီလျံ ကုဗမီတာကို ထုတ်လုပ်ခဲ့ကြောင်း နိုင်ငံပိုင် စီချွမ်ဒေလီသတင်းစာက ယခုလအစောပိုင်းတွင် ဖော်ပြခဲ့သည်။

သတင်း-ရိုက်တာ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar