ဩဂုတ်၆ရက်တွင် မရမ်းကုန်းမြို့နယ်တရားရုံးက စီရင်ချက်ချအပြီး ပြန်လည်ထွက်ခွာသွားသော စောဒေးဗစ်လာနှင့် ဦးဝေထွန်းတို့ကို တွေ့ရစဉ်။ (သူရဇော် |​ ဖရွန်တီးယားမြန်မာ)

စောဒေးဗစ်လာနှင့်ဦးဝေထွန်းကို အလုပ်နှင့်ထောင်ဒဏ်သုံးလချမှတ်

အစိုးရကတားမြစ်ထားသည့် လူမစုဝေးရန်အမိန့်ကို ချိုးဖောက်မှုကြောင့် မရမ်းကုန်းမြို့နယ်တရားရုံးက ခရစ်ယာန်တရားဟောဆရာစောဒေးဗစ်လာနှင့် ဦးဝေထွန်းတို့ကို အလုပ်နှင့်ထောင်ဒဏ်သုံးလစီ ယနေ့ချမှတ်သည်။

“ပုဒ်မ ၃၀(က)နဲ့ထောင်ဒဏ် သုံးလချမှတ်လိုက်တာပါ။ ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ပြုထားလို့ နှစ်ပတ်လောက်နေရင်လွတ်ပါမယ်။ ရက်တော့ ကျွန်တော်အတိအကျမမှတ်မိဘူး”ဟု ဒေးဗစ်လာ၏ရှေ့နေ ဦးအောင်ကြည်ဝင်းကပြောသည်။

ဦးဝေထွန်း(နဝရတ်တေးသံသွင်း)နှင့် ဦးစောဒေးဗစ်လာတို့သည် ဧပြီ၇ရက်က မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝန်းအတွင်း သီးသန့်အဆောက်အဦးတွင် လူစုလူဝေးဖြင့် ဆုတောင်းပွဲပြုလုပ်ခဲ့ပြီး လူမှုကွန်ယက်တွင် ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/ ၃၀ တို့ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

“ကျွန်မကတော့ ဒီအမိန့်ပေါ်မှာ ကျေနပ်ပါတယ်။ ဒီလောက်နဲ့ပြီးသွားလို့တော်ပါသေးတယ်။ ကျန်တာက ဘုရားရဲ့အလိုတော်အတိုင်းပဲသွားပါလိမ့်မယ်”ဟု တရားဟောဆရာဒေးဗစ်လာကို လာရောက်ဝန်းရံသူ ဒေါ်ခင်မာလာထွန်းက ပြောသည်။ ၎င်းပြန်လွတ်မည့်နေ့တွင်လည်း အင်းစိန်ထောင်တွင် ကိုယ်တိုင်သွားရောက် ဝန်းရံကြိုဆိုဦးမည်ဖြစ်ကြောင်း သူကဆိုသည်။

“တရားဥပဒေအရ အမိန့်ချမှတ်တာကိုတော့ ဘာမှမပြောလိုဘူး။ ကျွန်တော်တို့သိတာနဲ့ ဥပဒေလမ်းကြောင်းအရ ဆုံးဖြတ်တာနဲ့တူချင်မှတူမှာကိုး။ ဒါပေမဲ့ လိုက်ဖ်လွှင့်တာက ဒီခေတ်မှာ လူတိုင်းလုပ်ကြတာပဲလေ။ အခါအခွင့်မသင့်လို့ ကိုဗစ်ကာလနဲ့တိုက်ဆိုင်ပြီး တရားစွဲဆိုခံလိုက်ရတဲ့သဘောပါ။ ဒီလိုလုပ်လို့ရတယ်ထင်လို့လုပ်ခဲ့တာပဲ။ လူစုပြီးတရားဟောပွဲ​ကြီးလုပ်နေတာတော့ မဟုတ်ဘူးဆိုတာသေချာပါတယ်”ဟု အမှုတွင် လိုက်ပါဆောင်ရွက်ပေးသူ ကိုဇော်ကိုကိုက ပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar