ကျပ်ငွေကို မှားယွင်းစွာ စီမံခန့်ခွဲခြင်း

မြန်မာအစိုးရဟာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေတစ်ဆင့် အောက်တိုဘာ ၁၉ ရက်မှာ  နိုင်ငံအတွင်း ဒေါ်လာဖြင့် ငွေပေးချေမှုကို တားမြစ်တဲ့ ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီငွေကြေး မူဝါဒကြောင့် မြန်မာငွေကြေးတန်ဖိုး လျော့ကျမှုကို စိုးရိမ်နေကြတဲ့ မြန်မာနိုင်ငံသားတွေအဖို့ မျှော်လင့်ချက်အနည်းငယ် ပြန်လည်တိုးမြင့်လာခဲ့တယ်။

ငွေကြေးလဲလှယ်မှု ပြဿ     နာတွေက တကယ်တော့ ရိုးရှင်းပါတယ်။ မြန်မာကျပ်-အမေရိကန်ဒေါ်လာ ငွေကြေးလဲလှယ်မှုတွေမှာ အဓိကအချက် လေးခုပဲ ရှိပါတယ်။ နံပါတ် ၁ ကတော့ တစ်ကမ္ဘာလုံး ဒေါ်လာလိုအပ်ချက် ဖြစ်ပါတယ်။ နံပါတ် ၂ ကတော့ တစ်ကမ္ဘာလုံး ဒေါ်လာအသုံးပြုမှု ဖြစ်ပါတယ်။ နံပါတ် ၃ က တစ်ကမ္ဘာလုံး ကျပ်ငွေလိုအပ်ချက်နဲ့ နံပါတ် ၄ ကတော့ တစ်ကမ္ဘာလုံး ကျပ်ငွေ အသုံးပြုမှုတို့ ဖြစ်ပါတယ်။ မြန်မာအစိုးရဟာ နံပါတ် ၁ နဲ့ ၂ ကို ထိန်းချုပ်နိုင်ခြင်းမရှိပေမယ့် နံပါတ် ၃ ကို အနည်းငယ်ထိန်းချုပ်နိုင်ပြီး နံပါတ် ၄ ကိုတော့ အလုံးစုံ ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် ကျပ်ငွေလိုအပ်ချက်နဲ့ အသုံးပြုမှုကို ဂရုစိုက်ဖို့ လိုလာခဲ့ပါတယ်။

အစိုးရဟာ အချိန်တိုတိုအတွင်း ကျပ်ငွေလိုအပ်ချက် ဖြစ်ပေါ်လာဖို့ ပြုလုပ်ရာမှာ အခက်အခဲများစွာ ရင်ဆိုင်နေရပါတယ်။ သူတို့ဟာ ကျပ်ငွေပိုမိုအသုံးပြုမှုနဲ့ ကျပ်ငွေလိုအပ်ချက် တဖြည်းဖြည်း မြင့်မားလာဖို့သာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခြေခံအနေနဲ့ ကျပ်ငွေပိုမိုသုံးစွဲတဲ့ အခြေအနေထဲမှာ ငွေကြေးသုံးစွဲမှု မြင့်မားစေနိုင်မယ့် မူဝါဒနဲ့ တန်ဖိုးတည်ငြိမ်တဲ့ ငွေကြေး၊ သို့မဟုတ် အနည်းဆုံး ကုန်သွယ်မှုတန်ဖိုး တည်ငြိမ်စေမယ့် ငွေကြေးတို့ ပါဝင်ရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အစိုးရဟာ ကျပ်ငွေလိုအပ်ချက်ကို အချိန်တို၊ ဒါမှမဟုတ် ရေရှည် မြင့်မားဖို့အတွက် စီးပွားရေး အခြေအနေဖွံ့ဖြိုး တိုးတက်ဖို့ လုပ်ဆောင်တာ မရှိသလို ငွေကြေးတန်ဖိုးကိုလည်း တည်ငြိမ်အောင် မလုပ်ဆောင်နိုင်သေးပါဘူး။

သို့သော်လည်းပဲ မြန်မာအစိုးရဟာ ကျပ်ငွေ ဖြည့်ဆည်းပေးခြင်း အပိုင်းကိုတော့ အပြည့်အဝ ထိန်းချုပ်ထားနိုင်ပါတယ်။ ဒေါ်လာတန်ဖိုးနဲ့ ပတ်သက်ပြီး ဘာမှ ဆောင်ရွက်လို့ မရနိုင်ဘူးဆိုရင်တောင် ကျပ်ငွေ နဲ့ ဒေါ်လာငွေကြေး တည်ငြိမ်ခြင်းက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု၊ ပြည်တွင်း ငွေကြေး အလဲအလှယ်တွေအတွက် အရေးကြီးတဲ့အတွက် ကျပ်ငွေလိုအပ်ချက်များပြားဖို့ လိုအပ်ပါတယ်။

ရန်ကုန်မြို့ရှိ ဘဏ်တစ်ခုတွင် ကျပ်ငွေများကို ဘဏ်ဝန်ထမ်းများက ရေတွက်နေစဉ်။ ဓာတ်ပုံ- အီးပီအေ/လင်းဘိုဘို

ရန်ကုန်မြို့ရှိ ဘဏ်တစ်ခုတွင် ကျပ်ငွေများကို ဘဏ်ဝန်ထမ်းများက ရေတွက်နေစဉ်။ ဓာတ်ပုံ- အီးပီအေ/လင်းဘိုဘို

ကျပ်ငွေတန်ဖိုး လျော့ကျလာတာက လည်ပတ်နေတဲ့ ကျပ်ငွေ ပမာဏ များပြားနေခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလို တန်ဖိုး လျော့ကျနေတဲ့ မြန်မာကျပ်ငွေဟာ ငွေကြေးလဲလှယ်ရာမှာ အခက်အခဲဖြစ်ပြီး ကြာရှည်ကိုင်ဆောင်မထားလိုကြတာကြောင့် စီးပွားရေး ဈေးကွက်အတွင်း ဒေါ်လာနဲ့ ငွေပေးချေခြင်းက ခေတ်စားလာခဲ့ပါတယ်။ မြန်မာကျပ်ငွေဟာ နောက်ပိုင်းမှာ သိသိသာသာ ကျဆင်းလာတာနဲ့အညီ ကျပ်ငွေလိုအပ်ချက်ကလည်း ကျဆင်းလာပါတော့တယ်။

မြန်မာနိုင်ငံ အခြေခံလူတန်းစား ပြည်သူတွေအနေနဲ့လည်း အစိုးရကြောင့် ဖြစ်ပေါ်လာတဲ့ ဒီပြဿ     နာတွေကို ဖြေရှင်းဖို့အတွက် သူတို့ရဲ့ ဒေါ်လာအသုံးပြုမှုကို တိုးမြှင့်လာခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဖြစ်သင့်တာကတော့ မြန်မာကျပ်ငွေကသာ အားထားရတဲ့ ငွေကြေးဖြစ်လာတဲ့အချိန်မှာ ငွေကြေး လဲလှယ်ခြင်းတွေအားလုံးကလည်း ကျပ်ငွေဖြစ်လာခဲ့မယ်ဆိုရင် စီးပွားရေးလုပ်ဆောင်မှုတွေက လက်ရှိအဆင့်ထက် ပိုမိုမြင့်မားလာနိုင်မှာ ဖြစ်ပါတယ်။

ဒီလိုမျိုး ငွေကြေးအခြေအနေ နှစ်ရပ်ရှိနေခြင်းက ဂရက်ရှန်ဥပဒေ Gresham’s Law လို့ခေါ်တဲ့ အားကောင်းတဲ့ ငွေကြေးက အားနည်းတဲ့ ငွေကြေးကို ငွေကြေးလှည့်ပတ်မှုထဲက ပယ်ထုတ်သွားနိုင်တဲ့ ဥပဒေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျပ်ငွေတန်ဖိုးကလည်း လျော့ကျလာနေခဲ့လို့ အားနည်းနေတဲ့ ငွေကြေးဖြစ်တဲ့ ကျပ်ငွေကို ကြာရှည်ကိုင်ဆောင်မထားဘဲ ခပ်မြန်မြန်သုံးစွဲပစ်လိုက်ပါတယ်။ အားကောင်းတဲ့ ဒေါ်လာကိုတော့ လက်ထဲကိုင်ဆောင်ထားတာကြောင့် တန်ဖိုးဟာ ဆက်လက်မြင့်တက်ခဲ့ပါတယ်။

လူတွေဟာ ဒေါ်လာကို မလိုအပ်သ၍ ထုတ်သုံးလေ့မရှိကြတဲ့အတွက်ကြောင့် ပြည်တွင်းက ဒေါ်လာငွေကြေး လည်ပတ်မှုက လျော့ကျလာခဲ့ပါတယ်။ ဒီအချက်ဟာ တကယ့်တန်ဖိုးအမှန်ဖြစ်တဲ့ မှောင်ခိုဈေးအတိုင်း မဟုတ်ဘဲ ဒေါ်လာဈေးကို လွဲမှားစွာသတ်မှတ်ထားတဲ့ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။

မကြာသေးခင်က အစိုးရကနေ ပြုလုပ်ခဲ့တဲ့ ဒေါ်လာနဲ့ ငွေပေးချေမှု ကန့်သတ်ခဲ့တာက ကျပ်ငွေလိုအပ်မှု မြင့်မားဖို့အတွက် စီးပွားရေးစည်းမျဉ်းများကနေ ခွဲထွက်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီမူဝါဒက ရောဂါလက္ခဏာကိုသာ ဖြေရှင်းနိုင်ပြီး ရောဂါကို မဖြေရှင်းနိုင်တဲ့အတွက် ပြည်တွင်းမှာ ကျပ်ငွေ ဖောင်းပွမှုကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဒေါ်လာဖြင့် ငွေပေးချေမှု ကန့်သတ်တားမြစ်ခြင်းက မြန်မာနိုင်ငံအတွင်းက လိုအပ်ချက် အနည်းပါးဆုံးသူတွေကို အကျိုးဖြစ်ထွန်းစေပါတယ်။ ကုမ္ပဏီကြီးတွေ (နိုင်ငံခြားလုပ်ငန်းတွေနဲ့ ပူးတွဲလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ)၊ မြေအောက်စီးပွားရေး လုပ်ငန်းများ၊ အကျင့်ပျက်ချစားနေသော အရာရှိများ၊ ခရိုနီများက ဒေါ်လာဖြင့် ငွေပေးချေမှု ကန့်သတ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဒဏ်ကို ခံရမှာ မဟုတ်ဘဲ စီးပွားရေးဈေးကွက်အတွင်း ပြိုင်ဘက်တွေထက် ပိုမိုပြီး အကျိုးခံစားသွားရမှာ ဖြစ်ပါတယ်။ ဥပဒေသစ်ရဲ့ ဒဏ်ကို အဓိက ခံရမယ့်သူတွေကတော့ ဥပဒေကို လိုက်နာဖို့ကြိုးစားသူများ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာကျပ်ငွေ ကိုင်ဆောင်သူများနဲ့ ငွေပေးချေသူများပဲ ဖြစ်ပါတယ်။

နိုင်ငံရေးအဆိုအရ ဒေါ်လာအသုံးပြုမှု လျှော့ချခြင်းက ကျပ်ငွေထုတ်လုပ်မှု ကန့်သတ်ခြင်းကို ရှောင်ရှားနိုင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပြီး ငွေကြေးလဲလှယ်မှုနှုန်းကို တည်ငြိမ်အောင် ပြုလုပ်နိုင်ဖို့ ကျပ်ငွေရုပ်သိမ်းရေးပြုလုပ်နိုင်တဲ့ အခွင့်အရေးကို ဖန်တီးခြင်းပဲဖြစ်ပါတယ်။

ထို့ပြင် နိုင်ငံရေးအရလည်း အစိုးရရဲ့ ဆိုးရွားတဲ့ မူဝါဒကြောင့်ထက် မှောင်ခိုဈေးကွက်သမားများကြောင့် ဒီလိုရလာဒ် ဖြစ်ပေါ်ခဲ့တယ်ဆိုပြီး အပြစ်ပုံချဖို့ အခွင့်အရေးလည်း ရရှိသွားနိုင်စေပါတယ်။

ဒါပေမယ့် နောက်ထပ်ဖြစ်နိုင်ခြေကတော့ ဒီစည်းမျဉ်းဟာ အခြေခံပြဿ     နာများကို ဖြေရှင်းသွားနိုင်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ရောဂါလက္ခဏာအကြောင်းကိုသာ ပြောကြားနေပြီး ရောဂါကို သေချာမစစ်ဆေးခြင်းပဲ  ဖြစ်ပါတယ်။

ကျပ်ငွေထုတ်လုပ်မှု လျှော့ချဖို့ လုပ်ဆောင်ရမှာတွေကတော့ (၁) ငွေကြေး ပုံနှိပ်ထုတ်ဝေမှုဆိုင်ရာ စည်းမျဉ်းချမှတ်ခြင်း၊ (၂) ငွေကြေးဟောင်းများကို ရုပ်သိမ်းကာ သတ်မှတ်ထားသော အဆင့်အတိုင်း ငွေကြေးလဲလှယ်ခြင်းကို ထိန်းချုပ်ခြင်းတို့ ဖြစ်ပါတယ်။ ဒီအချက်တွေ မရှိသ၍ ငွေကြေးလဲလှယ်မှုက တည်ငြိမ်ဦးမှာ မဟုတ်သေးပါဘူး။

မြန်မာပြည်သူတွေအနေနဲ့ လာမယ့်အစိုးရသစ်ဆီကနေ သက်သာဖြေလျှော့မှုတွေ မျှော်လင့်နိုင်မလား။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လက်ရှိအချိန်မှာ ဘယ်မူဝါဒဆိုင်ရာ ကြေညာချက်မှ မထုတ်ပြန်သေးတဲ့အတွက် ငွေကြေးမူဝါဒကို ခန့်မှန်း ပြောဆိုဖို့သာ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုင်ပင်ခံတစ်ဦးကတော့ ကုန်တင်ပို့မှုများ တိုးတက်လာဖို့အတွက် အားနည်းနေတဲ့ ကျပ်ငွေမူဝါဒကို ပြင်ဆင်သွားနိုင်တယ်လို့ Frontier ကို ပြောကြားခဲ့ပါတယ်။

ဒေါက်တာ ရှောင်တာနယ်ကတော့ “ကျပ်ငွေတန်ဖိုး လျော့ကျတာက ပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် မြန်မာ့ဈေးကွက်အတွက် ကောင်းပါတယ်”လို့ ဆိုခဲ့ပါတယ်။

အကြောင်းပြချက်တွေ ဘယ်လိုပဲရှိရှိ ဖြစ်ပေါ်လာတဲ့ကျပ်ငွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုတာ အစိုးရရဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတော့တယ်။

ရဲထွဋ္ဋ်သိန်း ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar