ကုလသမဂ္ဂ သံတမန်သစ် မြန်မာနိုင်ငံသို့ လာမည့်လ လာရောက်မည်

အေအက်ဖ်ပီ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံတမန်သစ်သည် ရိုဟင်ဂျာဒုက္ခသည် အကြပ်အတည်းနှင့် ပတ်သက်ပြီး ဆွေးနွေးရန် မြန်မာနိုင်ငံသို့ လာမည့်လအတွင်း လာရောက်မည်ဟု ကုလသမဂ္ဂ သတင်းရင်းမြစ်များက ပြောကြားသည်။

ဂျာမန်နိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Christine Schraner Burgener အား အဆိုပါရာထူးတွင် ပြီးခဲ့သည်လက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံခရီးစဉ် ပြီးစီးသွားပြီးနောက် ပထမအကြိမ် အစည်းအဝေးများကို ၎င်းက ဇွန်လတွင် ကျင်းပလိမ့်မည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် သြဂုတ်လက စတင်ခဲ့သည့် စစ်ဆင်ရေးများကြောင့် လူပေါင်း ခုနစ်သိန်းခန့်မှာ မြန်မာနိုင်ငံတွင်းမှ ထွက်ပြေးခဲ့ကြသည်။ ယခုအခါ ဘင်္ဂလားဒေရှ့်ရှိ လူများ ပြည့်ကြပ်နေသည့် စခန်းများတွင် နေထိုင်နေကြသည့် ၎င်းတို့ နေရပ်ဒေသများသို့ လုံခြုံစိတ်ချစွာ ပြန်နိုင်ရေးအတွက် ကုလသမဂ္ဂက တိုက်တွန်းနေသည်။

ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် ၂၀၀၉ မှ ၂၀၁၅ ခုနှစ် ထမ်းဆောင်ခဲ့ဖူးသည့် Schraner Burgener အား ပြီးခဲ့သည့် ဧပြီလက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအစိုးရက လက်ခံနိုင်ဖွယ်ရှိသူအား သံတမန်အဖြစ် ခန့်အပ်ရန် လပေါင်းများစွာ ရှာဖွေခဲ့ပြီးနောက် ၎င်းအား ခန့်အပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံက တိုင်းပြည်တွင်း ဝင်ရောက်ခွင့် မပြုသလို ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကျွမ်းကျင်သူ ယန်ဟီလီကိုလည်း လာရောက်ခွင့် တားမြစ်ထားသည်။

သံတမန်သစ် Schraner Burgener လာရောက်မည့် ရက်အတိအကျကို ကုလသမဂ္ဂ သတင်းရင်းမြစ်များက ပြောကြားခြင်းမရှိသော်လည်း မြန်မာအစိုးရက သဘောတူညီပြီးဖြစ်သည်ဟု ဆိုသည်။

၎င်းသည် လာမည့် အင်္ဂါနေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံကာ ရိုဟင်ဂျာအကြပ်အတည်းနှင့် ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်သည်။

မုတ်သုံရာသီကြောင့် ကော့ဗဇာရှိ စခန်းများတွင် နေထိုင်နေကြသည့် ဒုက္ခသည်နှစ်သိန်းခန့်မှာ ရေကြီးမြေပြိုမှု အန္တရာယ်များ ကြုံတွေ့ရဖွယ်ရှိသည်ဟု ကုလသမဂ္ဂက သတိပေးထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar