ကုလလုံခြုံရေးကောင်စီကို ရခိုင်သို့ သွားရောက်လေ့လာရန် မြန်မာ ခွင့်ပြု

အေအက်ဖ်ပီ

ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့်ကို မြန်မာအစိုးရက လပေါင်းများစွာ တင်းခံခဲ့ပြီးနောက် ယခုအခါ သဘောတူလိုက်ပြီြုဖစ်သည်။ သို့သော်လည်း သံအမတ်ကြီးများအား မည်သည့်အချိန်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့်ပြုမည်ကို မသိရသေးကြောင်း ကောင်စီဥက္ကဋ္ဌက ဧပြီ ၂ ရက်နေ့တွင် ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ်လတွင် အကြမ်းဖက်သမားများကို တုံ့ပြန်သည့် မြန်မာစစ်တပ်၏ စစ်ဆင်ရေး စတင်ကတည်းက ရခိုင်ပြည်နယ်မှ မူစလင် ခုနှစ်သိန်းနီးပါးမှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။ သွားရောက် လည်ပတ်ရန် ဖေဖော်ဝါရီလတွင် လုံခြုံရေးကောင်စီက အဆိုပြုခဲ့သော်လည်း သင့်တော်သည့် အချိန်မဟုတ်သေးကြောင်း မြန်မာအစိုးရက ပြန်ကြားခဲ့သည်။ သို့သော်လည်း မြန်မာအစိုးရက ယခုအခါ မီးစိမ်းပြလိုက်ပြီဖြစ်သည်။

ခရီးစဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ အပြီးမသတ်ရသေးဟု လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌ ပီရူး သံအမတ်ကြီး ဂုစတာဗိုမေဇာကွက်ဒရာက ပြောကြားသည်။ “သိသာနေတာကတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို စိတ်ဝင်စားပါတယ်။ အခြေအနေ ဘယ်လိုလဲဆိုတာ သိရအောင် မြေပြင်ပေါ်အထိ သွားရောက် လည်ပတ်တာထက် ပိုကောင်းတာ မရှိပါဘူး” ဟု မေဇာကွက်ဒရာက ဆိုသည်။

ကောင်စီ၏ ခရီးစဉ်ကို ဗြိတိန်၊ ကူဝိတ်နှင့် ပီရူးနိုင်ငံတို့က စီစဉ်လျက်ရှိပြီး ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကော့စ်ဘဇားရှိ မူဆလင် ဒုက္ခသည်စခန်းများသို့လည်း သွားရောက်မည်ဖြစ်သည်။ သို့သော် ခရီးစဉ်သွားရောက်မည့်ရက်ကို မကြေညာသေးပေ။ ရခိုင်ပြည်နယ်ရှိ စစ်ဆင်ရေးများမှာ အစွန်းရောက်များကို အမြစ်လှန်ပစ်ရန် ရည်ရွယ်သည်ဟု မြန်မာအာဏာပိုင်များက ပြောကြားလျက်ရှိသော်လည်း မူစလင်များကို ဘေးကင်းလုံခြုံစွာ အိမ်ပြန်ခွင့်ပေးရန် လုံခြုံရေးကောင်စီက တောင်းဆိုလျက်ရှိသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar