ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အာဆီယံဒေသတွင် ၂၀၃၄ ခုနှစ်၌ ပူးတွဲကျင်းပနိုင်ရေးအတွက် ပြီးခဲ့သည့် သောကြာနေ့က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ဥက္ကဋ္ဌဖြစ်သူ Gianni Infantino မြန်မာနိုင်ငံတွင် ရောက်ရှိနေစဉ်အတွင်း ဆွေးနွေးခဲ့သည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားသည်။
“ကမ္ဘာ့ဖလားကို အာဆီယံက လက်ခံကျင်းပရေးအတွက် ဒီမနက် ကောင်စီအစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်” ဟု ရန်ကုန်မြို့တွင် ပြီးခဲ့သည့် သောကြာနေ့က ကျင်းပသည့် မြန်မာနိုင်ငံ၊ အမျိုးသား ဘောလုံးအကယ်ဒမီသစ် ဖွင့်ပွဲအခမ်းအနားတွင် ၎င်းကပြောကြားသည်။
“၂၀၃၄ ခုနှစ်ကို ကျွန်တော်တို့ ဆွေးနွေးကြပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပြုသူတစ်ဦးတည်းက ဘောလုံးကွင်း တစ်ဒါဇင် စီစဉ်ကာ လက်ခံကျင်းပသည့်အစား အနည်းဆုံး နိုင်ငံသုံးနိုင်ငံက ပူးပေါင်းကာ လက်ခံကျင်းပခွင့်ပြုရေးကိုလည်း ဖီဖာဥက္ကဋ္ဌက အားပေးထောက်ခံထားသည်။
“ပူးတွဲလက်ခံကျင်းပတာကို ကျွန်တော်ထောက်ခဲ့ပါတယ်။ ဒါက အဖွဲ့တွေအများကြီးအတွက် တံခါးဖွင့်ပေးပါတယ်။ အာဆီယံက ဘောလုံးမှာ အရူးအမူးဖြစ်တဲ့ဒေသတစ်ခုပါ” ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။
“အာဆီယံဒေသတွင်းက နိုင်ငံတစ်နိုင်ငံအတွက် ကမ္ဘာ့ဖလားကို လက်ခံကျင်းပနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် နိုင်ငံအချို့သာဆို ဘာလို့ မဖြစ်နိုင်ရမှာလဲ” ဟု ၎င်းကပြောသည်။
သတင်း-အေအက်ဖ်ပီ