ရန်ကုန်၊ ဇွန် ၅
ကနေဒါနိုင်ငံ ဝန်ကြီးချုပ်၊ ဆွီဒင်လွှတ်တော်ဥက္ကဋ္ဌနှင့် ဆွီဒင်ဝန်ကြီးချုပ်တို့၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကနေဒါနှင့် ဆွီဒင်နိုင်ငံများသို့ တရားဝင်ခရီးသွားရောက်ရန် မေ ၄ ရက်နေ့က ထွက်ခွာသွားသည်။
၎င်း၏ ငါးရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးနှင့် တွေ့ဆုံကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ဖက်ဒရယ်စနစ်နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာများကို ဆွေးနွေးကြမည်ဖြစ်သည်။ ထို့ပြင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပြင် လူ့အခွင့်အရေးဆိုင်ရာကိစ္စများကိုလည်း ဆွေးနွေးကြမည်ဟု ကနေဒါဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကနေဒါဘုရင်ခံချုပ် David Johnston နှင့်လည်း တွေ့ဆုံမည်ဖြစ်သကာ ကနေဒါရောက် မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်ဟု သိရသည်။
ကနေဒါနိုင်ငံက ချီးမြှင့်ထားသည့် ထိပ်တန်းဆုတစ်ခုဖြစ်သည့် ဂုဏ်ထူးဆောင်ကနေဒါနိုင်ငံသားဆု ရရှိထားသူ ခြောက်ဦးတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်။
ကနေဒါခရီးစဉ်အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဆွီဒင်နိုင်ငံသို့ တရားဝင်ခရီး ဆက်လက်သွားရောက်မည်ဖြစ်သည်။