အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သူ ရှေ့နေကြီး ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံထားသူလေးဦးအား ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတွင် ယနေ့နံနက်ပိုင်းက ရုံးထုတ်စစ်ဆေးခဲ့သည်။